45

136 12 0
                                    

နောက်ထပ် ၂ လ ခန့်ကြာပြီးနောက်......

ဒေါက်ဒေါက်ဒေါက်.......

မနက်စောစောစီးစီး Blue Ballet သီချင်းလေး
နားထောင်ရင်းမနက်စာအတွက်
ကော်ဖီ နှပ်နေတုန်း အဆက်မပြတ်
တံခါးခေါက်သံကြားလို့အိမ်ရှေ့ကို အပြေးသွားကာ တံခါးကိုဆွဲဖွင့်လိုက်သည်။

"မတွေ့ရတာတောင်ကြာပြီနော်။
နွယ်စိမ်း"

ရုတ်တရက်ကြားလိုက်ရသော
အပြင်ကလူရဲ့ ခပ်နွေးနွေး နူတ်ဆက်သံ
ကြောင့်နွယ်စိမ်း ရဲ့မျက်နှာလေး ချက်ချင်းပြုံးယောင်သန်းသွားခဲ့သည်။

"မင်း ငါ့ကိုကြောင်ကြည့်နေတော့မှာလား။
အိမ်ထဲ မခေါ်တော့ဘူးလား"

ထ်ို အပြင်ကလူက ရယ်ရင်းလှမ်းစတော့....

"ဟာ ထူးဆန်းလို့ပါ လှိုင်းခက်ရယ်။
မင်းက ရုတ်တရက်ကြီးဆိုတော့ကွာ။
လာလာ ဝင်လေ"

နွယ်စိမ်း လှိုင်းခက်ကို အိမ်ထဲခေါ်သွင်း
လိုက်သည် ။အရင်က အခန်းဖော်တစ်ယောက်
နဲ့နေပေမဲ့ အခုတော့ ထို အခန်းဖော်က
အိမ်ပြန်သွားသဖြင့် သူတစ်ယောက်တည်း။

လှိုင်းခက်ကို နေရာတစ်နေရာ ချပေးပြီး
​နှပ်ကော်ဖီကို ဖန်ခွက်ထဲထည့်ကာ
လှမ်းပေးလိုက်သည်။

"လှိုင်းခက် မင်း ပြင်သစ်ရောက်တာ
ဘယ်နှခေါက်မြှောက်တောင်ရှိနေပြီလဲ"

နွယ်စိမ်းက ပန်းကန်ထဲ ကွတ်ကီးလေးတွေ
ထည့်ကာ နောက်သလိုလိုမေးတော့....

"အင်း...... မင်းဒီမှာရှိနေတဲ့ ၁၀လအတွင်း ငါ လာတာ ၇ ခေါက်လောက်တော့ရှိရောပေါ့"

လှိုင်းခက်ကို ခေါင်းလေးကိုကုတ်ကာ
ဖြေလိုက်သည်။

"Australia မှာ ကျောင်း မတက်ပဲ
ဒီကိုပဲပြောင်းလာလိုက်တော့ပါလား။
လှိုင်းခက်ရယ် မင်းရဲ့ အသွားအပြန်
လက်မှတ်ဖိုးနဲ့တင် အိမ်တလုံးလောက်ဝယ်
လို့ရနေပြီ"

"ငါ ဒီကို လာတာလည်း အဲ့ အကြောင်း
ပြောမလို့ပဲ ။တကယ်တော့လေ ....ငါ ဒီ
တခေါက် ပြင်သစ်ကို အပြီးပြောင်းလာတာ"

"ဘာ...တကယ်ကြီးလားကွ"

"အင်း....တကယ်ပေါ့ကွ။
ငါက မင်းကို ညာစရာလား"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Dove le storie prendono vita. Scoprilo ora