မိုးခါးရေ ဒိုင်ယာရီ(၂)

122 17 2
                                    

ဒုတိယနေ့။
ညက စာရေးနေရင်း ခေါင်းက
ထိုးကိုက်လာသောကြောင့် ဆေးသောက်ကာ
အစောကြီး အိပ်ယာဝင်ခဲ့သည်။

မနက်ကျွန်တော် နိုးလာတော့ အကိုက
ကုတင်မှာ မရှိနေ ။အားပြုကာ
အကို့ ကုတင်ကို သွားကိုင်ကြည့်တော့
မွေ့ယာက အေးစက်နေကာ တညလုံး
အကို အခန်းထဲ ဝင်မအိပ်ပုံရသည်။
စားပွဲပေါ်ကြည့်လိုက်တော့ ....

"မိုးခါးရေ ..အကို ဆရာကြီးဆီသွားစရာ
ရှိလို့ ကွေကာအုပ်နဲ့ ပေါင်မုန့်ထားပေးခဲ့တယ်
ရေနွေးက အောက်ဆုံးထပ်မှာသွားယူလို့ရတယ် ဆေးသောက်ပြီးရင်လည်း နွေးနွေးထွေးထွေးအိပ်ပါ အပြင်လေအေးတာ
မို့ ဝရံတာ တံခါး ပိတ်ခဲ့တယ် ကျောင်းပိတ်ရက်ဆိုတော့Noahလာမယ်နဲ့တူတယ်
အကို ပြန်မလာခင်အထိ Noah
နဲ့ နေနှင့်ပါ"

စာတို တစောင်နဲ့ ပေါင်မုန့်ထုပ်ကိုတွေ့တော့
ကျွန်တော် ပြုံးသွားမိတယ် ။တနေကုန်
အခန်းထဲက မထွက်ချင်တာကြောင့်
ရေနွေးလည်းသွားမယူဖြစ်ပဲ အခန်းထဲမှာပဲ
နေမိသည် ။Noahလည်း ဘာကြောင့်မှန်းမသိ
ရောက်မလာ ။အကိုကလည်း ညနေစောင်း
သည်အထိ ပြန်မလာခဲ့ပေ။

ညနေ တရေးနိုးတော့ အနည်းငယ်
လန်းဆန်းလာပြီမို့ ရေနွေး ဓာတ်ဗူးကိုယူကာ
အောက်သို့ ဆင်းလာခဲ့သည်။

ရေနွေးယူရန် မီးဖို ခန်းထဲ ဝင်မယ်လုပ်တော့

"စီနီယာက အဲ့ကောင်လေးကို ဘာလို့ခေါ်လာတာလဲမသိဘူးနော်"

"စီနီယာက သူမှ မဟုတ်ပါဘူး
ဘယ်သူပဲ ဖြစ်ဖြစ်ခေါ်မှာပါပဲ စီနီယာက
အရမ်းတာဝန်သိတတ်တာလေ အရမ်းလည်း
ကြင်နာတတ်တော့ ဘယ်သူပဲဖြစ်ဖြစ်
သူက စောင့်ရှောက်မှာပဲ"

"ဟုတ်တော့ ဟုတ်ပါတယ် ဒါမဲ့
စီနီယာက ကျောင်းကိစ္စရော စာတွေရော
အဲ့လောက် အလုပ်များတာ ဟိုကောင်လေး
ကိုရော စောင့်ရှောက်ထားရတော့ပိုပြီးပင်ပန်းတော့မှာပဲ"

အခန်းထဲမှာ အကို့အကြောင်းပြောတာတွေကြားမိတော့ ကျွန်တော် အားစိုက်
နားထောင်မိသည် ။ဟုတ်တာပေါ့။
အကိုက ကျွန်တော်မှ မဟုတ်ဘူး ။ဘယ်သူပဲ
ဖြစ်ဖြစ် ဂရုစိုက်နေပေးမှာပဲ ။အဲ့ဒါကို
ကျွန်တော် တယောက်တည်း
အတွက်ဆိုပြီး အထင်မှားလို့မဖြစ်ဘူး။
အကိုက ကျွန်တော် ပိုင်ဆိုင်တဲ့ အရာမှ
မဟုတ်တာ

Zawgyi

ဒုတိယေန႔။
ညက စာေရးေနရင္း ေခါင္းက
ထိုးကိုက္လာေသာေၾကာင့္ ေဆးေသာက္ကာ
အေစာႀကီး အိပ္ယာဝင္ခဲ့သည္။

မနက္ကၽြန္ေတာ္ နိုးလာေတာ့ အကိုက
ကုတင္မွာ မရွိေန ။အားျပဳကာ
အကို႔ ကုတင္ကို သြားကိုင္ၾကည့္ေတာ့
ေမြ႕ယာက ေအးစက္ေနကာ တညလုံး
အကို အခန္းထဲ ဝင္မအိပ္ပုံရသည္။
စားပြဲေပၚၾကည့္လိုက္ေတာ့ ....

"မိုးခါးေရ ..အကို ဆရာႀကီးဆီသြားစရာ
ရွိလို႔ ေကြကာအုပ္နဲ႔ ေပါင္မုန႔္ထားေပးခဲ့တယ္
ေရေႏြးက ေအာက္ဆုံးထပ္မွာသြားယူလို႔ရတယ္ ေဆးေသာက္ၿပီးရင္လည္း ေႏြးေႏြးေထြးေထြးအိပ္ပါ အျပင္ေလေအးတာ
မို႔ ဝရံတာ တံခါး ပိတ္ခဲ့တယ္ ေက်ာင္းပိတ္ရက္ဆိုေတာ့Noahလာမယ္နဲ႔တူတယ္
အကို ျပန္မလာခင္အထိ Noah
နဲ႔ ေနႏွင့္ပါ"

စာတို တေစာင္နဲ႔ ေပါင္မုန႔္ထုပ္ကိုေတြ႕ေတာ့
ကၽြန္ေတာ္ ျပဳံးသြားမိတယ္ ။တေနကုန္
အခန္းထဲက မထြက္ခ်င္တာေၾကာင့္
ေရေႏြးလည္းသြားမယူျဖစ္ပဲ အခန္းထဲမွာပဲ
ေနမိသည္ ။Noahလည္း ဘာေၾကာင့္မွန္းမသိ
ေရာက္မလာ ။အကိုကလည္း ညေနေစာင္း
သည္အထိ ျပန္မလာခဲ့ေပ။

ညေန တေရးနိုးေတာ့ အနည္းငယ္
လန္းဆန္းလာၿပီမို႔ ေရေႏြး ဓာတ္ဗူးကိုယူကာ
ေအာက္သို႔ ဆင္းလာခဲ့သည္။

ေရေႏြးယူရန္ မီးဖို ခန္းထဲ ဝင္မယ္လုပ္ေတာ့

"စီနီယာက အဲ့ေကာင္ေလးကို ဘာလို႔ေခၚလာတာလဲမသိဘူးေနာ္"

"စီနီယာက သူမွ မဟုတ္ပါဘူး
ဘယ္သူပဲ ျဖစ္ျဖစ္ေခၚမွာပါပဲ စီနီယာက
အရမ္းတာဝန္သိတတ္တာေလ အရမ္းလည္း
ၾကင္နာတတ္ေတာ့ ဘယ္သူပဲျဖစ္ျဖစ္
သူက ေစာင့္ေရွာက္မွာပဲ"

"ဟုတ္ေတာ့ ဟုတ္ပါတယ္ ဒါမဲ့
စီနီယာက ေက်ာင္းကိစၥေရာ စာေတြေရာ
အဲ့ေလာက္ အလုပ္မ်ားတာ ဟိုေကာင္ေလး
ကိုေရာ ေစာင့္ေရွာက္ထားရေတာ့ပိုၿပီးပင္ပန္းေတာ့မွာပဲ"

အခန္းထဲမွာ အကို႔အေၾကာင္းေျပာတာေတြၾကားမိေတာ့ ကၽြန္ေတာ္ အားစိုက္
နားေထာင္မိသည္ ။ဟုတ္တာေပါ့။
အကိုက ကၽြန္ေတာ္မွ မဟုတ္ဘူး ။ဘယ္သူပဲ
ျဖစ္ျဖစ္ ဂ႐ုစိုက္ေနေပးမွာပဲ ။အဲ့ဒါကို
ကၽြန္ေတာ္ တေယာက္တည္း
အတြက္ဆိုၿပီး အထင္မွားလို႔မျဖစ္ဘူး။
အကိုက ကၽြန္ေတာ္ ပိုင္ဆိုင္တဲ့ အရာမွ
မဟုတ္တာ

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Dove le storie prendono vita. Scoprilo ora