24

140 17 2
                                    

"အကို ဘယ်သွားမလို့လဲ "

"ဟင် မိုးခါး အစောကြီး နိုးလာတာလား။
အခုမှ ခြောက်နာရီ ပဲရှိသေးတယ်။
ပြန်အိပ်ပါဦး"

ဒီနေ့ မိဘမဲ့ကျောင်းမှာ
ဝေယျာဝစ္စလုပ်ပေးပြီး ၊ပြတိုက်ကိုလည်းသွား
ချင်သေးတာမို့ ။မနက်စောစောထပြီး
ပြင်ဆင်ခဲ့သည် ။ကလေးတွေအတွက်
လိုအပ်တဲ့ စာအုပ်တွေ ပန်းချီပစ္စည်းလေး
တွေ ထည့်နေတုန်း မိုးခါးက နိုးလာတော့...

"အကို ဒီနေ့ သွားစရာရှိလို့။
ဒီနေ့တော့ Noahကို သေချာမှာထားပေးခဲ့
တယ် ။မင်းပျက်သွားတဲ့ စာတွေ လာကူး
ပေးဖို့ ။အကိုပြန်လာမှ မိုးခါး မသိတာတွေ
မေးပေါ့ ။ဒါဆို အကိုသွားတော့မယ်။
ဒီနေ့တော့​ဆေးသောက်ပြီး သက်သာအောင်
နေနော်"

နွယ်စိမ်း မိုးခါးကို နူတ်ဆက်ပြီး အခန်းထဲက
ထွက်လာခဲ့သည် ။မိုးခါးက အရင်ကထက်
အများကြီးသက်သာလာပြီမို့
သိပ်စိတ်မပူရတော့ပေ ။

ကျောင်းပိတ်ရက်ဆိုရင် အပတ်စဉ် အင်္ဂါနေ့
တိုင်း ပြတိုက်မှာ volunteer လုပ်နေပေမဲ့
ကျောင်းဖွင့်တော့ ရက်တိုင်းမသွားန်ိုင်။
သုံးလလောက်ကြာမှ တခါသာ သွားနိုင်သည်။

ဘတ်စ်ကားဂိတ်ရှေ့ရောက်တော့
နွယ်စိမ်း အိတ်ကပ်ထဲက ဖုန်းကို
ထုတ်ကာ

" ဟယ်လို အမ ကျွန်တော် အဆင့်သင့်ဖြစ်နေပြီနော် ဘတ်ကားဂိတ်မှာပဲ ရှိနေတယ်"

"ဟုတ်ဟုတ် ကျွန်တော် စောင့်နေပါမယ်"
________________________________

အချိန် အတော်လေးကြာပြီးမှထိုးရပ်လာသော
ကား တစီး .......

"ဆောရီး မောင်လေးရေ
Volunteer အသစ်လေးကို သွားခေါ်နေလို့
နဲနဲကြာသွားတယ် ။စောင့်ရတာ ကြာသွားပြီလား"

"မကြာပါဘူး ။ကျွန်တော်လည်း အခုပဲ
ထွက်လာတာ"

"တက်လေ ...လာ..လာ"

"ဟုတ်အမ"

နွယ်စိမ်း အမကို ပြန်ဖြေရင်း..
ကား တံခါးက ရုတ်တရက်ပွင့်လာကာ
သွေးကြောစိမ်းလေးတွေ ထင်းနေအောင်
ဖွေးသော လက်တစ်ဖက် ကမ်းလာလို့
မော့ကြည့်လိုက်တော့...

"လှိုင်းခက်လား
မင်း ဘယ်လိုပါလာတာလဲ"

"နွယ်စိမ်းပါလား ။မင်း ဒီအဖွဲ့မှာပါနေမှန်း
ငါမသိခဲ့ဘူး ။ငါက ဒီနေ့မှ စပါတာလေ"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Tahanan ng mga kuwento. Tumuklas ngayon