18

165 19 1
                                    

သိပ်မကြာခင် ကျောင်းဖွင့်တော့မှာမို့၊
အဆောင်နေရန် လျှောက်လွှာများပြန်ကျ
လာတော့ မိုးခါး ကြိုပြီး အထုပ်အပိုးများ
ပြင်ဆင်မိတယ် ။
အိမ်ကနေ ကျောင်းတက်ဖို့ အလှမ်းဝေးတာကြောင့်အဆောင်ကိုကြိုလျှောက်ထားရသည် ။လှိုင်းခက်လိုလည်း ကားနဲ့ အကြိုအပို့ လုပ်မဲ့လူလည်း မရှိတာကြောင့်။
မိုးခါး ဝတ်နေကျ ဝတ်စုံလေးငါး ခြောက်စုံ အိပ်ယာခင်းနဲ့အသုံးအဆောင်
များစုလိုက်တော့
အထုပ်တွေက များများစားစားမရှိ။
အရင် တက်နေကျ ကျောင်းကနေ
ပြောင်းရသော်လည်း သံယောဇဉ်မရှိသည်
မို့ စိတ်ထဲဘယ်လိုမှ မနေ ။ငယ်ငယ်က
ချစ်စရာကောင်းတယ်ဆိုပြီး အချစ်ခံဖြစ်
ရပေမဲ့ နောက်ပိုင်း ကိုယ့်ဘဝကို
စ ကျောင်းရတဲ့အချိန်မှစ၍
ပုံစံက မူန်မူန်သုံသုံဖြင့် တသီးတခြား
နေတတ်တာကြောင့်ဆရာ ဆရာမ
များ မျက်မှန်းမတန်းမိနိုင်သည့် အခြေအနေ။
သူငယ်ချင်းလည်း ဖောဖောသီသီ
မရှိတဲ့လူမို့ သူကျောင်းက ထွက်သွား
သည်ကိုပင် လွမ်းနေမဲ့လူရှိ​မည်မဟုတ်။
လူတိုင်းက သူ့ကို တရားမဝင်သားဆိုပြီး
မပေါင်းချင်တဲ့ လူက ခပ်များများ။
လှိုင်းခက်ကတော့ သူကျောင်း​အပ်သည့်
နေ့ကတည်းက ကျောင်းထွက်စာတင်ခဲ့
တယ်လေ။

မိုးခါး လိုအပ်သည်များကို စုထည့်ကာ
အခန်းတွင်းလှည့်ပတ် စစ်ဆေးလိုက်တယ်။
ပြီးနောက် အခန်း သန့်ရှင်းရေးလုပ်ကာ
မသွားခင် ခြံထဲက ပန်းတွေကိုလည်း
ရေလောင်းသွားခဲ့သေးသည်။
ဒီခြံမှာ ပန်းတွေကို ရေလောင်းမဲ့လူ
သူတစ်ယောက်တည်းရှိတာမလား။

ပြီးမှ ကားတစီး ငှားကာ တက်ရမဲ့
ကျောင်းကို ကြိုထွက်လာခဲ့သည်။

ကျောင်းပိတ်သည့် ကာလမို့
ကျောင်းကြီးက ခြောက်သွေ့ကာ
တိတ်ဆိတ်နေပြီ ဖြစ်သည်။
နွေဦးခါနီး မို့သစ်ရွက်အဝါလေးတွေ
ကြွေကျကာ လမ်းတလျှောက်လုံး
အဝါရောင် ဆေးများခြယ်ထားသလို။

"မောင်မိုးခါးရေ အဆောင် အခန်းလာ
ကြည့်လိုက်"

မိုးခါး အပြင်က သစ်ရွက်ကြွေ
တွေ အပေါ် အာရုံရောက်နေတုန်း
အဆောင်မှူး အသံကြားတော့

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Nơi câu chuyện tồn tại. Hãy khám phá bây giờ