ယာယီစာသင်ခန်း၌ စာသင်ကြားတာ ဆယ်ရက်ပြည့်ပြီးသည့်နောက်မှာတော့ မေဂျာများခွဲပြီးသည့်
စာရင်းထွက်လာလေသည်။တစ်နှစ်ထက် တစ်နှစ် အမှတ်စာရင်း အပြောင်းအလဲ
အတိုးအလျော့ကြားထဲမှာ ကိုယ်တက်ချင်သည့်
မေဂျာမရကြသည့်သူများ တငိုငို တရယ်ရယ် ဖြစ်ကုန်ကြသည်မှာ ဆရာတွေကတော့ နှစ်တိုင်းကြုံနေရသဖြင့် ရိုးလို့နေလောက်ပါပြီ။သူတို့သုံးယောက်ကတော့ အမှတ်မြင့်မြင့်နှင့် ဤတက္ကသိုလ်မှာ ဝင်ရောက်ခွင့်ရကြသူများဖြစ်သောကြောင့်
လျှောက်ထားသည့် မေဂျာအတိုင်းပင် တက်ခွင့်ရကြ၏။စည်သူ က Civil က။
သုတနဲ့ ရောင်ဝါက Archi က။ပထမနှစ် ဗိသုကာစာသင်ခန်းမှာ ပထမဆုံး စာသင်ရသည့် နေ့ နေ့လယ်ပိုင်း သင်္ချာအချိန်တွင် Senior များကိုယ်စား ဦးဆောင်သူ ကျောင်သားများက Junior လေးများကို ကြိုဆိုသည့် သဘောဖြင့် နှုတ်ဆက်စကားလာပြောလေသည်။
စာသင်နေသော ဆရာမကို ခွင့်တောင်းလျက် အတန်းထဲသို့ ဝင်လာကြသည်။
“ မင်္ဂလာပါ အကို့နာမည်ကတော့ မင်းထင်လို့ ခေါ်ပါတယ်။ အကိုတို့ အခုရောက်လာတာက မင်းတို့လေးတွေကို ကြိုဆိုပါတယ်လို့ Senior တွေကိုယ်စား လာပြီး Welcome လုပ်ရတာဖြစ်ပါတယ် ” ဟု Intro ဝင်ကာ
နောက်တစ်ပတ်မှာ Fresher Welcome လုပ်ပေးမည်ဖြစ်သဖြင့် မပျက်မကွက် တက်ရောက်စေလိုကြောင်း၊
ပုံဆွဲသည့်အခါ သပ်သပ်ရပ်ရပ်ဖြစ်အောင်
ဘယ်လိုဆွဲရမလဲ စသဖြင့် ၁၅ မိနစ်လောက်ပဲ အချိန်ယူလျက် လိုရင်းကို ပြောပါသည်။သူ့စကားသံသည် ဩရှရှနှင့် ဆွဲဆောင်မှုအားကောင်းလွန်းသည်ဟု နားထောင်နေရင်း ရောင်ဝါက သုတကို ခပ်တိုးတိုး ကပ်ပြောသည်။
မင်းထင်က လှမ်းကြည့်နေသဖြင့် သူတို့နှစ်ယောက်
ခါးမတ်မတ်ထားလျက် ခပ်တည်တည်နေလိုက်ကြရလေသည်။“ EC ဘယ်သူလဲ ”
ပြောစရာရှိတာ ပြောပြီးသွားတဲ့နောက် မင်းထင်က
မေးလာသည်။ သူတို့ အတန်းမှာ အတန်းခေါင်းဆောင်
မသတ်မှတ်ရသေးပါ။ အားလူံး ပြန်မဖြေဘဲ နှုတ်ဆိတ်နေမိကြသည်။သူက Black Board ပေါ်မှာ မြေဖြူဖြင့် သူ့ဖုန်းနံပါတ်ကိုရေးသွား၏။ EC ရွေးပြီးသွားလျှင် သူ့ကို ထို EC က
ဆက်သွယ်ပါဟု မှာပြီး ထွက်သွားပါသည်။“ တော်တော် အထာကျတာပဲ ”
ရောင်ဝါက တိုးတိုးကျိတ်ကျိတ် မှတ်ချက်ချသောအခါ သုတသည် မင်းထင်က
ဘယ်နားက ဘယ်လို အထာကျလိုက်သလဲဆိုတာ ယောက်ျားချင်းဘယ်လိုမှ တွေးမရခဲ့ချေ။
DU LIEST GERADE
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Jugendliteraturမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....