Chapter ( 5 )

1.8K 144 0
                                    

စည်သူနှင့်  ရန်ဖြစ်ပြီး နောက်တစ်ရက်၌ သုတသည်
မနက်စောစောထလျက် အဆောင်မှူးနဲ့ သွားတွေ့လေရာ တက္ကသိုလ်တစ်ပတ် လမ်းလျှောက်ပြန်လာသော အဆောင်မှူးနှင့် ရုံးခန်းပေါက်ဝမှာ ဆုံရ၏။

“ ဟာ သုတ။ ဘာလုပ်နေတာလဲ ”

“ ကျတော် ဆရာ့ကို ပြောစရာရှိလို့ဗျ ”

အဆောင်မှူးသည် Mechanical မေဂျာမှ ဘာသာပြဆရာ
တစ်ယောက်ဖြစ်သောကြောင့် အားလုံးက ဆရာဟုပဲ ခေါ်ကြလေသည်။ နှစ်ယောက်သား ရုံးခန်းထဲဝင်ပြီး
ကိုယ့်နေရာနဲ့ကိုယ် မျက်နှာချင်းဆိုင် ထိုင်ကြသည်။

“ ဘာကိစ္စများလဲ  ”

“ ကျတော် အခန်းပြောင်းချင်တယ်ဆရာ။ ဒီအခန်းမှာ မနေချင်တော့ဘူး။ အဲတာလေး လာပြောတာပါ ”

“ ဟေ ဘာဖြစ်လို့လဲ။ ဘာပြဿနာရှိလို့လဲ ”

“ ဒီတိုင်းပဲ ကျတော် ဒီအခန်းမှာနေရတာ
အဆင်မပြေလို့ပါ ဆရာ ”

“ ဘယ်လို အဆင်မပြေတာလဲ ”

အဆောင်မှူးက ပြဿနာရဲ့ အဓိက အကြောင်းရင်းကို သိချင်နေသည်။ ဒါမှ ဖြေရှင်းပေးနိုင်မည်မဟုတ်လား။ သို့သော် သုတ ပြောမပြချင်။ သူကိုယ်တိုင်က
Gay များနဲ့အတူမနေချင်၍ အခန်းပြောင်းဖို့သာ
ကြိုစားမိသော်လည်း မိမိ၏ အခန်းဖော်များကို Gay ဟုသိသွားကြပြီး လူတကာက အမြင်တစ်မျိုးနဲ့ ကြည့်ကြမှာကို မလိုချင်ပြန်။

“ ဒီလိုပါပဲ ကျတော့် အကျင့်နဲ့ သူတို့နဲ့ အဆင်မပြေတာပါ ဆရာ။ အဲတာ ကျတော် ပြောင်းလို့ရမလား ”

ဆရာက ခေါင်းရမ်းပါသည်။

“ မင်းက အခုမှလာပြောတာကိုးကွ။ အခန်းတိုင်းမှာ အကုန် လူပြည့်သွားကြပြီ။ ပြောင်းပေးလို့မရတော့ဘူး ”

သုတ သက်ပျင်းချရလေပြီ။

“ ဒါပေမယ့် တစ်နည်းတော့ရှိတယ်ကွ။ မင်းနဲ့ အခန်းလဲချင်တဲ့သူရှိရင် လဲပြီးနေလိုက်ရင်တော့ ရတယ်။
အဲတာ မင်းအခန်းလဲချင်တဲ့သူ လိုက်ရှာမှရှာမယ် ”

သုတ၏ မျက်လုံးများ၌ မျှော်လင့်ချက် ရောင်ခြည်တန်းတစ်ခု ဖြတ်ပြေးသွားလေသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora