Ch ( 16 )

163 19 0
                                    

သူတို့ အဆောင်ပြန်ရောက်၍ အခန်းတံခါးခေါက်သောအခါ အထဲမှ ဘာအသံမှမကြားရသဖြင့်  အိပ်ပျော်နေတာများလားဟု တွေးနေမိဆဲ အဆောင်၏ ဆင်ဝင်အောက်သို့ ကားတစ်စီးထိုးရပ်လာပြီး ထိုကားပေါ်က ဆင်းလာသော စည်သူ့ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရလေသည်။ ဒီကောင် ဘယ်ထွက်သွားပြီး ဘယ်ကပြန်လာတာပါလိမ့်။

စည်သူသည်  ခြေထောက်ခေါက်လဲထားသည့်
ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ လျှောက်နေရပြီး
ပတ်တီး စီးထားရသည်ဖြစ်ရာ သူတို့နှစ်ယောက်
အောက်ဆင်းပြီး သွားတွဲရ၏။

“ ပြောပါဦး မင်း ဒါဘယ်ကပြန်လာတာလဲဆိုတာ ”

အခန်းထဲကိုရောက်တော့
ကုတင်ပေါ်ထိုင်လိုက်ပြီးကြသည်နှင့်
ရောင်ဝါက တန်းမေးသည်။ စည်သူက
မျက်နှာချိုသွေးလျက် ရယ်ပြလေသည်။

“ အဟီး ...အပြင်ခဏထွက်တာလေ  ”

“ အပြင်ဆိုတာ ဘယ်လဲ ”

“ ဟိုးနားဒီနား ”

“  ဟိုနားဒီနားဆိုတာ ”

“ ဟိုရောက်ဒီရောက်ပါပဲ ”

တမင်မဖြေချင်၍  ရှောင်ထွက်နေသော‌ စည်သူ့ကို
ရောင်ဝါ နည်းနည်းလေးမျှ  စိတ်မရှည်တော့ချေ။

“ ကဲ ... လိုရင်းမရောက်တော့ဘူး ရောင်ဝါ။
ကားပေါ်က လူက ဘယ်သူလဲလို့ ”  ဟု အော်မိလေသည်။

“ ဟို ... အဲ။  ဒီလိုပဲ ခင်တာပါ ”

“ ဝေ့လည်ကြောင်ပတ် မလုပ်နဲ့နော် စည်သူ။
ငါတို့နဲ့ မလိုက်လာဘဲ အဲဒီ ကားနဲ့ကျလိုက်သွားလို့ ဒီမှာ
စိတ်မကောင်းဖြစ်နေတာ ပိုဆိုးသွားမယ် အဟင်း ”

မတတ်သာသည့်အဆုံး စည်သူ့ကို ဖွင့်ပြောလာစေရန် သုတက စိတ်ဆိုးဟန်ဆောင်ပြပြီး
အကြပ်ကိုင်သည့်နည်းကို သုံးလျက် ဝင်ပြောရ၏။ သည်တော့မှ ကိုယ်တော်ချောက ဖွင့်ပြောလာပါသည်။

“ အေးပါ ငါပြောပါ့မယ်။ သူက ဟိုတစ်ခါ ငါပြောတဲ့သူလေ။ ငါ Crush တယ်ဆိုတဲ့လူ ”

“ ဘုရားရေ ... စည်သူ မင်းသူ့ကို တွေ့ပြီပေါ့။ ငါတို့ကို
လျှိုထားတယ် ကြည့်စမ်း။ ပြန်တွေ့တာ ဘယ်လောက်ကြာပြီလဲ ”

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now