Chapter ( 11 )

1.6K 132 2
                                    

လှပသော ကလောမြို့၏ နေရာပေါင်းစုံကို တစ်နေကုန် လျှောက်လည်ပြီးတဲ့နောက် Hotel ရဲ့ Rooftop မှာ
ဝိုင်တစ်ပုလင်းနဲ့  လသာသော ညကိုဖြတ်သန်းရင်း သူငယ်ချင်းသုံးယောက်သည် အတိတ်ကဖြစ်ရပ်များကို ဟာသလုပ်ပြီး ပြန်ပြောဖြစ်ကြလေသည်။

ထို့နောက် တောင်ရောက်မြောက်ရောက် ဆက်ပြောနေမိကြရာ တစ်ယောက်ချင်းစီ၌ နှလုံးသားရေးရာနှင့်ပက်သက်လို့ စိတ်ဝင်စားနေသည့်သူများ ရှိမရှိဟူသည့် အကြောင်းသို့ရောက်သွား၏။

“ ငါ့မှာတော့ ရှိတယ် ”

ရောင်ဝါက အရင်စပြောသည်။
ကျန်နှစ်ယောက်မအံ့ဩသွားကြပါ။ ညတိုင်း ဖုန်း Typing ကို တတောက်တောက်ရိုက်လျက် ကြည်နူးရိပ်သမ်းနေသော ရောင်ဝါ၏ စပ်ဖြီးဖြီး မျက်နှာကြီးကို သူတို့ ခဏခဏ မြင်နေခဲ့ရသောကြောင့်ဖြစ်သည်။

“  ဘယ်သူလဲ။ မင်းတို့ အတန်းထဲ ကလား ”

‌စည်သူက ဝိုင်ဖန်ခွက်ကို အသာချလိုက်ရင်း မေးသည်။
သုတ နဲ့ ရောင်ဝါသည်
စာသင်ခန်းမှာ ထိုင်ကြတော့လည်း အတူတူ၊
ကန်တင်းမှာ နေ့လယ်စာ စားကြတော့လည်း အတူတူ
အချိန်တော်တော်များများ တပူးပူးတတွဲတွဲဖြစ်သောကြောင့် သုတက မိမိတို့ အတန်းထဲကသူ
မဖြစ်နိုင်မှန်းသိသဖြင့် အသာငြိမ်နေလေသည်။

“ မဟုတ်ဘူး။ Facebook ကနေသိတာ။
သူက ငါ့ထက် အသက် ရှစ်နှစ်လောက်ကြီးတယ် ”

စည်သူနဲ့ သုတတို့ တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်မိကြ၏။
ထိုသူသည် လူ့လောက၏ အတွေ့အကြုံများပြီး
အထာနပ်နေလောက်မည့် အရွယ်ဖြစ်သဖြင့် သူတို့သူငယ်ချင်းအတွက်  စိုးရိမ်သွားကြပါသည်။

“ အခု မင်းတို့နှစ်ယောက် ဘယ်အခြေထိရောက်ပြီလဲ။
အဲဒီလူကရော ဘာတွေလုပ်တာလဲ ”

အဖွဲ့မှာ တစ်ဦးတည်းသော Straight ယောက်ျားလေးဖြစ်သော သုတက ယောက်ျားနှစ်ယောက်ကြားက
နှလုံးသားရေးကိစ္စကို ပထမဆုံးအကြိမ်
မျက်နှာပူပူဖြင့် မေးရသည်။

“  ဒီတိုင်း အီစီကလီအဆင့်ပဲရှိပါသေးတယ်ကွာ
အပြင်မှာတောင် မတွေ့ရသေးဘူး။ ကဲ ပြောပါဦး
စည်သူကရော ရှိပြီလား ”

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now