Chapter ( 31 )

1.2K 107 6
                                    

ချိန်းထားသောရက် ပြည့်သွားသောအခါ
နှစ်လကျော်လောက်ကြာအောင် အဆက်အသွယ်ပြတ်နေခဲ့သော ရောင်ဝါနဲ့ ကိုသီဟတို့သည် လူရှင်း၍ တိတ်ဆိတ်သော စားသောက်ဆိုင်တစ်ဆိုင်၏
သီးသန့်ခန်းတစ်ခုမှာ ဆုံကြလေသည်။
နှစ်ယောက်သား စားပွဲ၏ တဖက်တစ်ချက်ဆီမှာ
မျက်နှာချင်းဆိုင်မိလိုက်ကြသည်နှင့် ကိုသီဟ အရင်ဆုံးပြောလာသည့် စကားမှာ ပိုက်ဆံအကြောင်း ဖြစ်၏။

“ ပိုက်ဆံပါခဲ့လား ”

“ ပါတယ်။ ဘယ်မှာလဲ File တွေ ”

ကိုသီဟက ဘောင်းဘီအိတ်ကပ်ထဲက memory Stick ကိုထုတ်လျက် စားပွဲပေါ်တင်လိုက်၏။
ရောင်ဝါက လှမ်းယူဖို့ လက်လှမ်းလိုက်တော့
လက်ဖြင့် အုပ်လိုက်ပြီး

“ ဘယ်မှာလဲ ပိုက်ဆံ ” ဟု ထပ်မေး၏။

ရောင်ဝါက မိမိဘေးက ကုလားထိုင်ပေါ်မှာ တင်ထားတဲ့
ကျော်ပိုးအိတ်ဇစ်ကို ဆွဲလျက် ပြသည်။ သည်တော့မှ
ယုံသွားပြီး memory Stick ကိုအုပ်ထားသည့်လက်ကိုဖယ်၍ လက်ဖြင့်တောက်လိုက်ရာ ရောင်ဝါ့အနားသို့
လျောခနဲ ရောက်လာပါသည်။

ထို့နောက် တစ်ပါတည်း ယူလာခဲ့သော Laptop ဖြင့် Stick ထဲမှာ File တွေပါမပါ
စစ်ဆေးကြည့်၍ မှန်ကန်ကြောင်း သေချာတော့မှ မယုံသင်္ကာဖြင့် မေးရသည်။

“  ဒီ File တွေက ဒါအကုန်ပဲလား။
မင်းဘက်က Copy ကူးထားသလား
ကူးမထားဘူးလာဆိုတာ ငါ ဘယ်လို ယုံရမှာလဲ ”

ကိုသီဟက ကိုယ်ကိုရှေ့ကိုင်းထားရာမှ
နောက်မှီပေါ်  စိတ်လွတ်လက်လွတ် မှီလိုက်ရင်း
ဆရာကြီးအထာနဲ့ လက်ပိုက်လျက် ကြည့်လေသည်။

“ မင်း ယုံကိုယုံရမှာပေါ့။ မင်းအနေနဲ့ ငါ့ကိုယုံကြည်လိုက်ဖို့ကလွဲရင် တခြား ရွေးချယ်စရာမှမရှိတာ။ မဟုတ်ဘူးလား။ But ဒီနေ့ဒီချိန်ထိတော့ ငါ့ဘဝမှာ လူတစ်ယောက်ကို ဒုတိယအကြိမ် ငွေပြန်ညှစ်ရိုး ထုံးစံမရှိဘူး။
ကဲပိုက်ဆံပေးစရာရှိတာ မြန်မြန်ပေးစမ်းပါ အချိန်တွေကုန်တယ် ”

သုတပြောတာ မှန်တာပဲ။ ပိုက်ဆံပေးလိုက်လျှင်တောင်
သူ့ဆီမှာ Copy File တွေရှိသေးပါလားဆိုတဲ့စိတ်နဲ့
တစ်သက်လုံး Psycho ဝင်နေရမှာ။
ရောင်ဝါသည် ပိုက်ဆံအပြည့်ထည့်ထားသော ကျောပိုးအိတ်ကို စားပွဲပေါ်သို့ ဗုန်းခနဲ ပစ်တင်လိုက်၏။
ထို့နောက် ပိုက်ဆံတွေကြားထဲ စက္ကူများရောညှပ်လာမည်စိုးသဖြင့် တစ်အုပ်ချင်း သေချာစစ်ရေကြည့်နေသော
သီဟ ကို အထင်သေးစွာ စိုက်ကြည့်နေမိသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now