Ch ( 24 )

147 11 1
                                    

ကိုသီဟ၏ တောင်းဆိုမှုကို ဖြည့်ဆည်းမပေးနိုင်သဖြင့်
ကြောက်လန့်တကြားထွက်ပြေးလာခဲ့သော ရောင်ဝါသည်
သွေးအေးသွားမှ သေချာပြန်စဉ်းစားကြည့်သောအခါ
ကိုသီဟ ကိုသနားသွား၏။

ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင်၊
Facebook ၌ Message ပို့ထားသည်ကိုလည်း Seen
မပြသောအခါ  မိမိချစ်တဲ့သူကို ဆုံးရှူံးရပြီလားဟူသည့်
ကြောက်ရွံ့စိတ်ဖြင့် ရောင်ဝါ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

နေ့တိုင်း ဖုန်းပြောဖြစ်ကြသော အတွဲသည်
နှစ်ပတ်ကြာမှ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရတော့၏။

“ ဟယ်လို ”

“ အင်း ပြောလေ ဘာလဲ ”

တင်းမာပြတ်ရှသည့် အသံကြောင့် ရောင်ဝါ
ဝမ်းနည်းသွား၏။

“ ကိုကြီးက ဘာလို့ ကျတော့်ကို အဆက်သွယ်ဖြတ်ထားရတာလဲ ဟင် ”

“ အဲဒီနေ့က မင်း ငါ့ကို ဆက်ဆံသွားတာ ကိုယ် စိတ်ကောင်းဖြစ်နေမိလို့လေကွာ။ အမှန်တိုင်းပြောရရင် ဒေါသလည်း ထွက်တယ်။ စိတ်လည်းဆိုးတယ် ”

ပွင့်လင်းသော ရင်တွင်းခံစားချက်များကို ဆက်တိုက်ပြောနေသည့် ကိုသီဟ၏ ခပ်စိမ်းစိမ်း စကားသံများကို
ရောင်ဝါ ခံနိုင်ရည်တော့ချေ။

“ ကျတော် ... ကျတော် တောင်းပန်ပါတယ်ဗျာ။
အဲနေ့က ကြောက်လန့်ပြီး ဖြစ်သွားခဲ့တာ။ တကယ်တောင်းပန်ပါတယ် ”

ပြောရင်း မျက်ရည်များ ပါးပြင်ပေါ်သို့ လှိမ့်ဆင်းကျပြီး ပူနွေးစိုစွတ်လာ၏။ စကားသံတွေမှာလည်း ငိုသံတွေပါနေသည်ကို ငြိမ်သက်စွာ နားထောင်နေသော ကိုသီဟ သတိပြုမိသွားသည်။

“ ငိုနေတာလား။  ကဲပါ တိတ်တော့ တိတ်တော့ မငိုတော့နဲ့။ ဒီနေ့ညနေ အားလား ”

ရောင်ဝါသည် မျက်ရည်များကို သုတ်လျက် ငိုသံမပါအောင် ထိန်းပြောသည်။

“ ဟုတ်အားတယ် ”

“ ကလေးကို စပါကတီ လုပ်ကျွေးမလို့။
အကို့တိုက်ခန်းကို လာခဲ့ပါလား ”

  ပြန်လည်အဆင်ပြေချင်ဇောကြီးနေသည့်
စိတ်အခြေခံကြောင့် တိုက်ခန်းမှာ ကိုသီဟတစ်ယောက်တည်း နေမှန်းသိသော်လည်း လိုက်သွားဖို့
ရူးမိုက်စွာ ဆုံးဖြတ်ချက်ချလိုက်ပါသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora