စုလှိုင်ဝင်းရှိန်က သုတကို ပါးရိုက်လိုက်သည့် အဖြစ်အပျက်ကို ဘယ်သူက Video ရိုက်ပြီး Facebook ပေါ် တင်လိုက်သလဲမသိ။
တက္ကသိုလ်ရှိ ကျောင်းသား
ကျောင်းသူများ အကြားမှာ ထို Video ကြီးက
နာမည်ကြီးသွားလေသည်။မနက်ခင်း အတန်းချိန်တက်သော အခါ သုတကို
ကြည့်လျက် လူတွေက တီးတိုးတီးတိုး ပြောဆိုနေကြသည်ကို တွေ့ရသည်။ တစ်ချို့က စိတ်မကောင်းသလို ကြည့်ကြ၏။ တစ်ချို့က မတန်မရာကိုမှ သွားမှန်းတဲ့ကောင် ခံပေါ့ဆိုသည့် လှောင်ပြုံးဖြင့် အတင်းအုပ်ကြ၏။
သုတ နောက်တစ်ကြိမ် ထပ်ပြီး အရှက်ကွဲရလေသည်။Facebook ပေါ်တက်ကြည့်တော့လည်း စိတ်ချမ်းသာစရာ မရှိ။ New Feed မှာ သူပါးရိုက်ခံရသည့် Video ကြီးက တက်တက်လာနေသည်။ တက္ကသိုလ်ရဲ့ Group ထဲမှာလည်း သူ ပါးအရိုက်ခံရသည့် အဖြစ်ပျက်နဲ့ ပက်သက်ပြီး Troll ထားသည့် meme တွေကလည်း နည်းတာမဟုတ်။ တစ်မိနစ်ကို တစ် Post နှုန်းဖြင့် တက်တက်လာနေသည်။
အခုတော့ ငါ့အဖြစ်က လူပေါင်းများစွာ၏ ပါးရိုက်ခြင်းကိုပါ ခံနေရသလိုပါပဲလား။
သုတသည် အပြင်မထွက်ရဲသဖြင့်
အတန်းမတက်တော့ဘဲ တစ်နေကုန် အခန်းထဲ အောင်း၍နေသည်။အခန်းဖော် သူငယ်ချင်းများကလည်း သူ့ကို ချဉ်နေကြပြီ။
ဖြစ်နိုင်လျှင် ဤတက္ကသိုလ် နဲ့ ဝေးရာထွက်သွားပြီး ရန်ကုန် နည်းပညာတက္ကသိုလ်ကို ပြောင်းလိုက်ချင်သည်။သို့သော် မိဘများ၏ မျက်နှာကို မြင်ယောင်မိသည်။
သုတ ၏ မိဘများသည် အစိုးရဝန်ထမ်းများဖြစ်ကြပြီး ချမ်းသာသူများမဟုတ်ကြသည့်တိုင် သားသမီး ဝါသနာပါသည့် လမ်းကြောင်းကို မဖြစ်ဖြစ်အောင် အတတ်နိုင်ဆုံး ပံ့ပိုးနေကြရသူများဖြစ်သည်။
သူအဖေနဲ့ အမေကို ညှာတာတတ်ရမည်။တက္ကသိုလ်သို့ ရောက်ပြီးမှ
မိဘတွေကို သတိရစိတ်ဖြင့် သုတ
ပထမဆုံးအကြိမ် မျက်ရည်ကျမိလေသည်။*****
အတန်းလည်းမတက်၊ ညပိုင်း ထမင်းစားချိန်ကလွဲ တစ်နေကုန် အခန်းပြင်မထွက်သော သုတ၏
စိတ်ညှိုးနွမ်းနုန်းခွေမှု ကို မြင်နေရသောအခါ အခန်းဖော် သူငယ်ချင်း နှစ်ယောက်သည် ကြာကြာ လျစ်လျူရှု၍
မနေနိုင်တော့ချေ။ ဖြစ်ခဲ့သည့် ပြဿနာများကို မေ့လိုက်ပြီး သုတကိုစိတ်အားပြန်လည် တက်ကြွလာအောင်
ကြိုးစားကြသည်။“ ဟေ့ရောင် သုတ ထ ထ ”
ရောင်ဝါက ဝမ်းလျားမှောက်လျက် အိပ်နေသော သုတ၏
တင်ပါးကို ဖြန်းခနဲ မြည်အောင်ရိုက်ပြီး
နှိုးသည်။“ ဟမ် ဘာလဲကွာ ”
သုတ မျက်လုံးအနည်းငယ် ပွင့်လာပြီး
ညည်းလေသည်။“ ထ ... ထ။ ငါတို့အပြင်သွားကြမလို့ အဲတာ
မင်းလိုက်ခဲ့ ”စည်သူသည် ငပျင်းကို လက်မောင်းကနေ မလျက်
ဆွဲထူလိုက်သောအခါ မထချင် ထချင်ဖြင့်
ထလာပြီး ရေချိုးခန်းထဲသို့ ဝင်သွားပါသည်။
ရေပါတစ်ခါတည်းချိုးခဲ့ဟု မှာလိုက်ရသည်။သုတသည် Basin က ရေပိုက်ကို ဖွင့်ကာ
မျက်နှာသစ်နေဆဲ အိပ်ချင်စိတ်ဖြင့် မှုန်တေတေဖြစ်နေသော အသိစိတ်များ လွင့်ပျောက်သွား၏။
သူ့ကို စိတ်ခုလျက် စကားမပြောဘဲနေသော သူငယ်ချင်းများက အိပ်ရာလာနှိုးသည့်အဖြစ်ကို အခုမှပဲသတိထားမိသွားလေသည်။ဟာ ဒီကောင်တွေ ငါ့ကို စိတ်မဆိုးကြတော့ဘူးပေါ့။
ဝမ်းသာသွားသည်မှာ ပြောမပြတတ်လောက်အောင်ပါပဲ။ အခုကတည်းက ဖိစီး နွမ်းနယ်မှုတွေ တစ်ဝက်လောက် သက်သာသွားသလို ခံစားလိုက်ရပါသည်။
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....