ကိုယ့်အိမ်ကိုယ် အသီးသီးပြန်ရောက်ကြပြီးနောက်
စာမေးပွဲအောင်စာရင်း ထွက်မည့်ရက်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ရင်း နေ့ရက်တွေကို ဖြတ်သန်းရလေသည်။မနက်ဖြန် အောင်စာရင်း မထွက်ခင် ညရောက်တော့သူငယ်ချင်းသုံးယောက် Video Call ခေါ်ပြီး ဘယ်လောက်တောင် ရင်ခုန်စိတ်လှုပ်ရှားနေမိကြောင်း ပြောဖြစ်ကြသည်။
သေချာပေါက် စာမေးပွဲ အောင်လိမ့်မည်ဖြစ်ကြောင်း
သူတို့ကိုယ် သူတို့ ယုံကြည်မှု အပြည့်ရှိကြသော်လည်း
နောက်တစ်တန်း ချက်ချင်းဆက်တက်ရဖို့ အမှတ်အသားဖြစ်သည့် Star ကြယ်ပွင့်လေးရဖို့တော့ ရေရေရာရာ
မရှိလှပေ။အောင်စာရင်းက မနက်ဖြန် မနက် ၆ နာရီထွက်မည်ဖြစ်ပြီး နည်းပညာတက္ကသိုလ် ( မန္တလေး ) Facebook စာမျက်နှာမှ တင်ပေးသွားမည်ဟု ကြေငြာထားသည်။
“ တကယ်လို့ မပါလာရင် ဘယ်လိုလုပ်ကြမလဲ ”
ရောင်ဝါက စိတ်လှုပ်ရှားစွာ ဆိုသောအခါ
“ အဲတော့ သုံးယောက်အတူတူ ပျော်ပျော်ကြီး နှစ်နှစ်နား အလုပ်လုပ်ကြတာပေါ့ ” ဟု သုတက ပေါ့ပေါ့ပါးပါးပင်ပြန်ပြောမိသည်။ တကယ်တော့ သုတ လည်း အောင်စာရင်းအတွက် ရင်ခုန်နေမိကာ မနက်ကတည်းက အစားကောင်းကောင်း စားမဝင်ချေ။“ ငါပြောတာ အဲလိုမဟုတ်ဘူးလေ။ ဟိုတိုင်းလေ ”
“ ဘယ်တိုင်းလဲ ရှင်းရှင်းပြော ”
တွန့်ဆုတ်စွာ လေးပင်နေသော ရောင်ဝါ့ကို ဆက်ပြောဖို့ စည်သူက စကားဝင်ထောက်ပေးရ၏။ ထိုအခါ
သုံးယောက်လုံး မတွေးချင်သဖြင့် တမင်မေ့ဖျောက်ထားသော နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကို ရောင်ဝါက စ၍ တွန့်ဆုတ်စွာ ပြောလေသည်။“ တကယ်လို့ ငါတို့သုံးယောက်လုံး မပြုတ်သွားဘဲ တစ်ယောက်ယောက်က တက်ခွင့်ရရင်၊ ဒါမှမဟုတ်
နှစ်ယောက်တက်ခွင့်ရသွားပြီး တစ်ယောက်တည်းကျန်ရစ်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲဟင် ”သုံးယောက်လုံး ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်သွားကြ၏။ အဲသည်လောက် ဝမ်းနည်းစရာကောင်းတဲ့အခြေအနေမျိုးကို သူတို့ မဖြစ်ချင်။ သို့သော်
တကယ်တမ်းဖြစ်လာသည့်အခါ လက်ခံဖို့အပြင်
မတတ်နိုင်ဘူးဆိုတာလည်း နားလည်ထားကြရလေသည်။
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....