သုတ အဆောင်သို့ ပြန်ရောက်တဲ့အခါ အခန်းထဲမှာ ရောင်ဝါရော စည်သူပါ ရှိနေကြသည်။ ခါတိုင်း ရောင်ဝါနဲ့အတူ အဆောင်ပြန်နေကြဖြစ်သော်လည်း ဒီနေ့ အတန်းဆင်းတော့ တခြားသူငယ်ချင်းတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် အတူလိုက်ထိုင်နေရသောကြောင့် အဆောင်ကို နောက်ကျမှရောက်သွားသည်။
သူဝင်လာတော့ သူငယ်ချင်းနှစ်ယောက်၏ ပြောလက်စ စကားများရပ်သွား၏။ မိမိအကြောင်းပြောနေကြတာလား။ သူ အောင့်သက်သက်ဖြစ်သွားပါသည်။
သုတက လွယ်ထားတဲ့ ကျောပိုးအိတ်ကို ကုတင်ခြေရင်းမှာချလိုက်ပြီး ရင်ဘတ်မှ အင်္ကျီကြယ်သီးကို ဖြုတ်ရင်း ထိုင်သည်။
ကျောင်းထိပ်ကနေ အဆောင်ထိ လမ်းလျှောက်ခဲ့ရသဖြင့်
ဆောင်းရာသီ၏ ညနေခင်းမှာပင် ချွေးစို့နေလျက်ရှိသည်။“ မင်း အခန်းပြောင်းဖို့ လူလိုက်ရှာနေတယ်ဆို။ အဆောင်မှူးက ငါတို့ကို ဘာပြဿနာရှိလဲလို့ လာမေးနေတယ် ”
စည်သူက ဖုန်းကြည့်မပျက်ဘဲ ရုတ်တရက်
လှမ်းမေးသည်။“ အင်း ... ပြောင်းမလို့ ”
သုတက တွန့်ဆုတ်စွာ ဖြေသည်။
စည်သူ သည် ဖုန်းကို ချထားလိုက်ပြီး လှဲနေရာမှ
ထထိုင်ကာ ခပ်စူးစူး ကြည့်လေသည်။“ ဘာဖြစ်လို့လဲ။ ရန်ဖြစ်ကြတဲ့ ကိစ္စကြောင့်လား ”
“ မဟုတ်ပါဘူး ”
သူ လွှတ်ခနဲ ပါးစပ်က ထွက်သွား
ပြီးမှ နောင်တရသွား၏။ သို့သော် စကားကိုမူ ပြန်ရုတ်သိမ်းလို့ မရတော့။ ဘာကြောင့် အခန်းလဲဖို့
ကြိုးစားနေရသလဲဆိုတဲ့ အကြောင်းပြချက်က ဗွင်းဗွင်းကြီး ပေါ်သွားပါသည်။ထိုအခါ
“ ကောင်းတာပေါ့။ ငါတို့နဲ့ မနေချင်တော့လည်း။
လူသန့်သွားတာပေါ့ ” ဟု စည်သူက ဒေါသကို
ထိန်းချုပ်ထားသည့် အသံဖြင့် ခနဲ့သည်။အရင်က စည်သူနဲ့ စကားနိုင်လုကြလျှင် သုတဘက်က
အမြဲလိုက်ပေးသာ ရောင်ဝါသည်လည်း နှုတ်ဆိတ်ငြိမ်သက်နေခြင်းအားဖြင့် ပထမဆုံးအကြိမ်
စည်သူ့ဘက်မှ ရပ်တည်လေသည်။သုတသည် စိတ်ရှုပ်ထွေးနောက်ကျလာပြီး
ကျောင်းအကျီကို ချွတ်ပစ်ကာ ရေချိုးခန်းသို့ဝင်ခဲ့၏။ ထို့နောက် ရေကိုတဗွမ်းဗွမ်း မြည်အောင်
လောင်းချိုးပစ်သည်။သည်နေ့ည သူ Game မဆော့ဖြစ်ပါ။
စုလှိုင်ဝင်းရှိန်နဲ့ ပက်သက်ပြီး အချစ်ကဗျာတွေလည်း
မရေးဖြစ်တော့ပါ။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရင်း
အချိန်တွေကုန်ကာ နောက်ကျမှ အိပ်ပျော်သွားပါတော့သည်။နောက်တစ်နေ့မနက် အိပ်ရာက နိုးလာတော့
အခန်းထဲမှာ မိမိတစ်ယောက်ပဲရှိတော့သည်ကို သုတ
တွေ့ရလေသည်။ခါတိုင်းဆိုလျှင် ညည Game ဆော့
ပြီး ညဥ့်နက်မှ အိပ်လေ့ရှိသော သူ့ကို မနက်အတန်းချိန်မီအောင် ရောင်ဝါက နှိုးသွားသည်။ ထိုအခါ သူ မထချင်
ထချင်ဖြင့် ထကာ ရေးမိုးချိုး အတန်းတက်ဖို့ ပြင်ဆင်ရပါသည်။ ဒီနေ့ ရောင်ဝါက သူ့ကို နှိုးမသွားပါ။စာသင်ခန်းကိုရောက်သွားတော့ ဒုတိအတန်းအချိန်စနေပါပြီ။ ထိုင်နေကျ ခုံတွင် ရောင်ဝါမရှိပါ။ ရောင်ဝါသည် ရှေ့ဆုံးခုံတန်းမှာ သွားထိုင်နေ၏။ ကန်တင်းမှာလည်း
သူနဲ့ အတူလာမထိုင်ဘဲ တခြားကျောင်းသားများနဲ့ သွားထိုင်သည်။ နှလုံးသားထဲက တစ်စုံတစ်ရာ
ဆွဲနှုတ်ယူသလို သုတ ခံစားရလေသည်။
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....