သုတသည် တစ်ကြိမ်သာတွေ့လိုက်ရပြီး ထိုတစ်ကြိမ်တည်းနဲ့ ကြွေကျခဲ့ရသော ကောင်မလေးကို လိုက်ရှာခဲ့သော်လည်း တက္ကသိုလ်တစ်ခုလုံး နှံ့သာသွားခဲ့သည်။
ဘယ်မှာမှ ရှာမတွေ့ခဲ့။ တွေ့မယ့် တွေ့တော့လည်း
The whole Welcome ရဲ့ Stage စင်ပေါ်က Queen Selection ထဲက တစ်ယောက်အဖြစ် ပြန်တွေ့ရလေသည်Presenter ၏ ကြေငြာချက်အရ သူမကို Civil မေဂျာက Queen မှန်းသိရသည်။ ဒီအကြောင်းတွေကို
စည်သူ မသိဘူးဆိုတာ မဖြစ်နိုင်။ သိကိုသိနေရမည်။
ဒီကောင် ဘာသဘောနဲ့ အဲသလို လိမ်ရတာလဲ မသိ။
ညတိုင်း စုလှိုင်ဝင်းရှိန်နဲ့ပက်သက်ပြီး ရင်ဖွင့်ခဲ့တဲ့ သူ့ ခံစားချက်တွေကို လျစ်လျူရှုကာ အခုလိုလုပ်ရက်သည်။“ မင်းပြောတော့ မင်းတို့မေဂျာမှာ မရှိဘူးဆို။ အခု သူက
မင်းတို့ အတန်းထဲက ဖြစ်နေပါလားကွ ဟေ။ ဘာဖြစ်လို့ မင်း ငါ့ကို လိမ်ထားရတာလဲ ”အဆောင်ပြန်ရောက်တော့ သုတသည် ထိုအကြောင်းကို
ချုပ်တည်းမထားနိုင်ဘဲ ဗြောင်ဖွင့်မေးမိသည်။
နယ်ကတက်လာသူများမို့ စကားကို မဝေ့ဘဲ တဲ့တိုးပြောတတ်တဲ့ အကျင့်က ဖျောက်မရကြပေ။ စည်သူကလည်း
ခပ်ချဉ်ချဉ်ပင် ပြန်ဖြေသည်။“ အမြင်ကတ်လို့ မင်းကိုကြည့်မရလို့ တမင်ဖုံးကွယ်ထားတာလေ။ တစ်ခါလာ ငါတို့ကို အဲကောင်မကို ဘယ်လောက်ကြွေကြောင်း လာလာပြောပြနေတာ။
ကြာတော့ နားကြားပြင်းကတ်တယ်ကွ သက်လား။ ပြီးတော့ ငါတို့ကို မိန်းမတစ်ယောက်ကို ချစ်ဖူးရင် ဘယ်လိုခံစားရလဲ ဘာလဲ လာလာမေးနေတာ။ ငါသိလည်း မသိဘူး။ ဖြေလဲမဖြေနိုင်ဘူး ရှင်းလား ”မိမိထက်ပိုပြီး ဤအခြေအနေကို Serious ဖြစ်နေသော
စည်သူ့ကို ကြည့်ပြီး သုတ အံ့ဩလျက် မခံချိမခံသာ ဖြစ်သွားရ၏။“ ငါက ယောက်ျားချင်းချင်း ခင်လို့
ရင်ဖွင့်တာလေကွာ။ ဘာလဲ မင်းလည်း စုလှိုင်ဝင်းရှိန်ကို ကြိုက်လို့လား ဟုတ်လား။ အဲတာကြောင့် ငါ့ကို ဖုံးကွယ်ထားတာလား ။ စတွေ့တုန်းကတော့ စိတ်မဝင်စားသလို ဘာလိုနဲ့ ဘာအထာလဲ အဲတာက ”သုတ ရဲ့ နှုတ်ဖျားမှ စကားလုံးများ
ရင့်သီးမာကျောစွာ ထွက်လာသောအခါ
စည်သူက ဟက်ခနဲ ရယ်လိုက်ပြီး ရဲရဲစူးစူး ကြည့်လေသည်။ အနေအေးတဲ့ ရောင်ဝါက နှစ်ယောက်ကြားမှာ
ဝင်ရပ်ပြီးဖြန်ဖြေဖို့ ကြိုးစားရသည်။“ တော်ကြပါတော့ကွာ။ မင်းတို့ကလည်း ဘာမှမဟုတ်ပဲနဲ့ ”
သို့သော် စိတ်ဆတ်၍ ဒေါသဖြစ်လွယ်သော စည်သူ့ကို ဘယ်လိုမှ တားမရခဲ့။
“ မင်းကောင်မကို ငါ စိတ်လည်း မဝင်စားဘူး။ ဂရုလည်းမစိုက်ဘူး။ အဲကောင်မထက် လှတာတွေ့လည်း ငါ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဘာလို့လဲ သိလား ... ”
“ စည်သူ ”
ရောင်ဝါက ဟန့်လိုက်သေးသည်။ သို့သော် မမှီတော့။
“ ငါတို့က Gay မို့လို့။ Gay မို့လို့ကွ မင်းနားလည်လား ”
သုတ ဘာဆက်ပြောရမှန်းမသိဘဲ အိုးတိုးအမ်းတမ်း
ဖြစ်သွားကာ ရောင်ဝါ့ကို တစ်လှည့်၊ စည်သူ့ကို တစ်လှည့် ကြောင်ကြည့်နေမိပါသည်။“ အဲတာကြောင့် မိန်းကလေးတွေကို ချစ်ရမယ့်အကြောင်းတွေ ငါတို့ကို လာမမေးနဲ့၊ ဘာမှမသိဘူး
ရှင်းလား ”စည်သူက ဆက်ပြောနေသည်။ သုတ
စိတ်ရှုပ်ထွေး နောက်ကျိလာပြီး မည်သည့်စကားမှ
မကြားလိုတော့သဖြင့် အခန်းထဲကနေ ပြေးထွက်ခဲ့ပါတော့သည်။
STAI LEGGENDO
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....