နေခြည်မိုးက မိမိအပေါ် ဘာကြောင့်အခုလို ဆက်ဆံနေရသလဲဆိုသည့် အကြောင်းအရင်းကို သုတ အဖြေရှာမရဘဲ ရှိနေခိုက် ရောင်ဝါ့ထံမှ အားလုံးသိခွင့်ရလိုက်သဖြင့်
အံ့အားသင့်သွားရလေသည်။“ ဟိုတစ်နေ့က မင်းနဲ့ စုလှိုင်ဝင်းရှိန်တို့ ရယ်မောစကားပြောနေကြတာကို နေခြည်မိုးက မြင်ပြီး
မင်းတို့နှစ်ယောက် မကြာခင်ကြိုက်တော့မယ်ထင်ပြီး
ရှောင်နေတာတဲ့။ ငါ့ကို ကိုလရောင်မိုး ပြောပြတယ် ”ထိုအကြောင်းတွေကို ကန်တင်းမှာ ရောင်ဝါက စကားအဆက်အစပ်မရှိ ပြောပြလာသောအခါ သုတ ပျာယာခတ်စွာ ရှင်းပြရ၏။
“ ဟင် မဟုတ်ဘူးလေ။ သပ်သပ်အထင်လွဲနေတာပဲ။
ငါ စုလှိုင်ဝင်းရှိန်အပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး။ ငါ တကယ်ချစ်တာ နေခြည်မိုးဆိုတာ
ကိုလရောင်မိုးကို မင်းမပြောပြလိုက်ဘူးလားကွာ ”“ အဲတာတော့ ငါတို့နဲ့ ဘာဆိုင်လဲ။ မင်းဟာမင်း
နေခြည်မိုးကို ရအောင်ပြောပေါ့ ”“ မင်းက အားကိုးလို့ကို မရဘူး။ အဲ ... ဒါနဲ့ နေပါဦး။
မင်းကို ဒီအကြောင်းတွေ ကိုလရောင်မိုးက ဘာလို့ပြောပြတာလဲ ”နောက်ကွယ်က ပက်သက်မှုကို ခန့်မှန်းနေဟန်ဖြင့်
အကဲခတ်သလို ကြည့်လာသော သုတ၏ မျက်လုံးများကို ရောင်ဝါ ရဲရဲမကြည့်ရဲဘဲ အိုးတမ်းအိုးတမ်းဖြစ်သွားလေသည်။“ ဟို ... အဲ။ ငါတို့နဲ့ နှစ်ခေါက်တောင် တွေ့ဖူးတယ်လေ။
အဲတော့ ခင်သွားကြတာပေါ့ ”“ ဟင် ... ငါနဲ့လည်း နှစ်ခေါက်တောင် တွေ့ဖူးကြတယ်လေ။ ဘယ်နှယ့် သူ့ ညီမကိုကြိုက်နေတဲ့ ငါနဲ့ကြ ရင်းနှီးအောင်မလုပ်ဘူး။ ငါ့သူငယ်ချင်းနဲ့ကျ
အဟင်းဟင်း ”ရောင်ဝါသည် မသိချင်ယောင်ဆောင်လျက် အအေးပိုက်ကို စုပ်နေ၏။ ပြီးမှ
“ ကဲ အပိုတွေပြောမနေနဲ့။ မင်း နေခြည်မိုး ကို ကြိုက်နေတာကြာပြီကို လာလို့အခုထိ ဖွင့်မပြောသေးတာလဲ။
ကြာလာရင် သူများနောက်ပါသွားတော့မှာပဲ။ တနေ့တခြား လှလှလာတဲ့ နေခြည်မိုးကို စိတ်ဝင်စားနေတဲ့သူတွေ အများကြီးပဲနော်။ မင်း ကျန်ရစ်ဖြစ်မယ်ဗျ ” ဟု
အမှန်တကယ် စိုးရိမ်စိတ်ဖြင့် သတိပေးသောအခါ
သုတ လေးလံမှိုင်းတွဲ့စွာ သက်ပျင်းတစ်ချက်
မှုတ်ထုတ်လိုက်လေသည်။
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....