ပထမနှစ်ဝက် ဖြေဆိုရမည့်လထဲရောက်သောအခါ
သူငယ်ချင်းသုံးယောက်အကြား၌ စိတ်ထိခိုက် နာကျင်စရာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့၏။စည်သူသည် သူ့ရည်းစားနဲ့အတူလိုက်သွားခဲ့ပြီး အဆောင်ပြန်မအိပ်တာ နှစ်ရက်တိတိရှိပြီ။
ဖုန်းဆက်လို့လည်းမရ။ Facebook ပေါ်လည်း
တက်မလာ။ မည်သည့်အဆက်သွယ်မျှ မရသည့်အဆုံး အဆောင်မှူးကို ဖွင့်ပြောလျက် လူပျောက်ကြေငြာတိုင်လိုက်ရမလားဟု ခေါင်းချင်းဆိုင်ဆွေးနွေးနေကြဆဲ စည်သူ ပြန်ရောက်လာသဖြင့် ဝမ်းသာသွားကြ၏။သို့သော် မျက်နှာတစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့်
ဖူးယောင်လျက်ရှိသည်ကို မြင်လိုက်ရသောအခါ သူတို့
အထိတ်တလန့်ဖြစ်သွားရလေသည်။“ စည်သူရယ် ... ဘယ်လိုဖြစ်တာလဲ။ ဒါတွေက ဘယ်လိုဖြစ်လာရတာလဲကွာ ဟင် ”
စိုးရိမ်ပူပန်စွာ မေးမြန်းကြတော့ စည်သူသည် ပို၍
ဝမ်းနည်းအားငယ်လာပြီး သုတ၏ ရင်ခွင်ထဲမှာ အားရပါးရ ငိုချလိုက်၏။ ဘာဖြစ်လာမှန်း မသိကြပေမယ့် သူတို့ရင်ထဲ နည်းနည်းလေးမျှ မကောင်းချေ။
သူငယ်ချင်း၏ကျောလေးကို အသာပုတ်ကာ နှစ်သိမ့်အားပေးရင်း မျက်ရည်ဝဲမိကြလေသည်။“ သုတ ... စည်သူ့ ဒဏ်ရာတွေကို ရေခဲကပ်ပေးဖို့
ရေခဲဝယ်ပေးပါလား ”Straight တစ်ယောက်ဖြစ်သော သုတရှေ့၌
ယောက်ျားနှစ်ယောက်ကြားက ပြဿနာကို
ရင်ဖွင်ဖို့ခက်နေသော စည်သူ၏
စိတ်အခြေအနေကို ရိပ်မိသောအခါ ရောင်ဝါသည်
သုတကို ပထုတ်ရ၏။“ Ok ငါသွားဝယ်လိုက်ဦးမယ် ”
သုတ အပြင်ထွက်သွားတော့မှ စည်သူ့ကို ချော့မော့ပြီး မေးမြန်းရလေသည်။
“ ဒီ ဒဏ်ရာတွေက ဒေးဗစ်ပေးလိုက်တဲ့ ဒဏ်ရာတွေမလား စည်သူ ”
စည်သူသည် ညှို့ရိပ်ဆွေးမြေ့နေသော မျက်လုံးများဖြင့် ရေချိုးခန်း နံရံကိုငေးကြည့်လျက် ဘာမှမဖြေဘဲ နှုတ်ဆိတ်နေသည်။
“ ငါတို့ကို ပြောပြပါ သူငယ်ချင်းရာ။ မင်းစိတ်ထဲမှာ
မျိုသိပ်ထားတာက အခုရနေတဲ့ ဒဏ်ရာတွေထက်
အဆပေါင်းများစွာ ပိုဆိုးလိမ့်မယ် သိလား ”
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....