Chapter ( 19 )

1.2K 104 0
                                    

“ ကျတော်လည်း ကိုကြီးကို ချစ်ပါတယ် ”

ရောင်ဝါသည် အဖြေတောင်းပြီး လေးလအကြာ၌
ကိုသီဟအား မိမိကားပေါ်မှာတင် အဖြေပေးလိုက်၏။
ကိုသီဟအနားမှာ ဝိုင်းဝိုင်းလည်နေသည့် တခြားကောင်လေးတွေနောက် အပါမခံနိုင်သဖြင့် ထပ်မံအချိန်ဆွဲမထားချင်တော့ပေ။

အခုမှ အချစ်ကို စတင်ထိတွေ့ဖူးသော လူပျိုကလေးတစ်ယောက်အနေနဲ့  မျက်နှာချင်းဆိုင်ပြီး အချစ်ကို ဝန်မခံရဲလောက်အောင် ရှက်သွေးဖြာလျက် ခေါင်းငုံ့ထားမိသည်။
ကိုသီဟက သူ့ပခုံးကို  အသာဆွဲလှည့်လိုက်ပြီး
မေးစေ့လေးကို လက်ညှိုးဖြင့် အသာပင့်တင်ရင်း
ခေါင်းမော့စေလေသည်။

“ ထပ်ပြောပါဦး Pls နောက်တစ်ခေါက်လောက် ”

“ တော်ပြီ ”

ရောင်ဝါသည် သူ့မျက်နှာကို မကြည့်ဘဲ တဖက်သို့လွှဲထားလိုက်၏။

“ လုပ်ပါကွာ။ နောက်တစ်ခေါက်တည်း တစ်ခေါက်တည်းပါပဲ။ လိမ္မာတယ် ... ကိုယ့်မျက်နှာကို ကြည့်ပြောနော် ”

အေးဆေးစွာ ညိမ့်ညောင်းလျက်ရှိသော အသံ၏
ဆွဲဆောင်မှုကို ရောင်ဝါ ကြာကြာခံနိုင်ရည်မရှိပါ။

“ ကိုကြီးကို ချစ်ပါတယ် ” ဟု  ဒုတိယအကြိမ် ထပ်ပြောလိုက်ရာ ပထမအကြိမ်လောက် မခက်ခဲတော့ကြောင်း လက်ခံလိုက်ရလေသည်။

“ အဟား ကလေးရယ် ”

ကိုသီဟက ရုတ်တရက် မိမိပါးတစ်ဖက်ကို ရွှတ်ခနဲ
နမ်းလိုက်သောအခါ ရောင်ဝါ့ နှုတ်ခမ်းလေးတွေ အဝိုင်းသားဖြစ်သွား၏။

“ ဘာလုပ်တာလဲ ကိုကြီး ”

“ နမ်းလိုက်တာလေကွာ ချစ်လို့ ”

“ တခြားသူတွေ မြင်ကုန်တော့မှာပဲ ”

“ ကားထဲမှာပါကွာ ဘယ်သူမှ မမြင်ပါဘူး ”

“ ကိုကြီးနော် အတင့်မရဲနဲ့ဗျ။ ဒီနေ့မှ ချစ်သူဖြစ်ခါစ
ရှိသေးတယ်ကို ”

ရောင်ဝါ့ စကားအဆုံး၌ ကိုသီဟသည် သဘောကျစွာ ရယ်မောလိုက်ပြီး  သူနမ်းလိုက်သော ပါးတစ်ဖက်ကို
ခပ်ဖွဖွလေး‌ဆွဲလိမ်လေသည်။

“ ကလေးက အရမ်းရိုးတာပဲကွာ။ အခုခေတ်ကြီးမှာ
ရည်းစားတောင်မဖြစ်ဘဲ Hotel သွားနေကြတဲ့ အတွဲတွေမှ တစ်ပုံကြီးပဲ ”

“ သူတို့က သူတို့။ ကျတော်တို့က ကျတော်တို့လေ
တူမှမတူတာ ”

“ နောက်တော့တူလာမှာပါ ”

မကြားတကြား ရေရွတ်လိုက်သောစကားကြောင့်
ဒါသက်သက်မဲ့ စကားစလာခြင်းလားဟု တွေးမိပြီး ဝမ်းနည်းလျက်က ဒေါသလည်းဖြစ်သွား၏။
ကိုသီဟက  ညစ်ကျယ်ကျယ် ရယ်လိုက်လေသည်။

“ စတာပါကွာ စတာပါ။ အစကို မခံဘူး။
မင်းလေး မကြည်ဖြူရင် လက်ဖျားနဲ့တောင်
မထိပါဘူး စိတ်ချပါ ”

သည်လိုကြတော့လည်း ရောင်ဝါ စိတ်မကောင်းဖြစ်သွားမိ၏။ ချစ်သူရည်းစားဘဝ၏ တိမ်းညွတ်ကြည်နူးဖွယ်ကောင်းသော အထိအတွေ့တချို့ကိုလည်း လိုချင်ပြန်လေသည်။

“  နမ်းတာ ဖက်တာလောက်တော့
ခွင့်တောင်းစရာမလိုပါဘူး ”

“ တကယ်လား ”

“ တကယ်ပေါ့ ”

“ ဒါဆို မျက်စိမှိတ်ထား ”

ရောင်ဝါ နာခံစွာ မျက်စိမှိတ်ထားလိုက်၏။
လှုပ်ရှားသံများကြားနေရပြီး မိမိထိုင်နေလျက်ရှိသော
ကူရှင်ခုံသည် အနောက်သို့ တဖြေးဖြေးလန်သွားသည်ကို
ခံစားမိနေသည်။ အသံလုံနေသော ကားထဲမှာ နှလုံးခုန်သံတွေ ကျယ်လောင်လို့ပါပဲ။

မကြာခင်မှာပဲ ပူနွေးနူးညံ့လှသည့် အထိအတွေ့တစ်ခု
နှုတ်ခမ်းပေါ် ကျရောက်လာ၏။ မျက်လုံးဖွင့်လိုက်တဲ့
အခါ မိမိကို နီးကပ်စွာ ငုံ့ကြည့်နေသော ကိုသီဟ၏
ညှို့အားပြင်းလွန်းလှသည့် အကြည့်တို့နဲ့ ရင်ဆိုင်ရလေသည်။

“ နမ်းတာကို ကလေး မကြိုက်ဘူးလား ”

အသံက နူးညံ့သိမ်မွေ့လျက် ညင်သာလွန်းလှသည်။
ရောင်ဝါသည် ဘာကိုမျှ တွေးမနေတော့ဘဲ
ကိုသီဟအား ဂုတ်ကနေဆွဲလျက် နှုတ်ခမ်းချင်း
အချိန်အကြာကြီး ဖိနမ်းနေမိပါတော့သည်။


သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now