သုတကို သူတို့ အရင်ဆုံး ခေါ်သွားသည့်နေရာမှာ ဆံပင်ညှပ်ဆိုင်ဖြစ်၏။
မိမိတို့၏ သူငယ်ချင်း စိတ်သစ်လူသစ်ဖြစ်ကာ ကိုယ့်ကိုကိုယ် confidence ရှိသွားအောင် ဒီဇိုင်းကာလာ ဘာညာအနေအထား ပြောင်းလဲပေးရမည်မဟုတ်လား။
နှစ်ယောက်စလုံးသည် Rich Kid ကလေးများ
ဖြစ်သောကြောင့် ငွေကို တစ်ယောက်တစ်ဝက် စိုက်ထုတ်ကာ အကုန်အကျခံနိုင်သည်။ပုံမကျပန်းမကျဖြင့် ဘုတ်သိုက်
ဖြစ်နေသော ညှင်းသိုးသိုး ဆံပင်ကို
ညှပ်ကာ ပုံသွင်းသည်။ ဘာ Skin Care မှ မလုပ်သဖြင့်
ညစ်ထေးထေးဖြစ်နေသည့် မျက်နှာကို ဂျေးချွတ် ပေါင်းတင်လုပ်သည်။အချိန်သုံးနာရီကြာ စောင့်ဆိုင်းပြီးသည့်အခါ သုတ၏ မျက်နှာ ကြည်လင်လာသည်မှာ သိသိသာသာပင်။
အဲသည်က အပြန် အင်္ကျီဆိုင်တစ်ဆိုင်ဝင်လျက်
သုတနှင့် လိုက်ဖက်မည့်အဝတ်အစား သုံးလေးထည်ဝယ်ပြီး တစ်ခါတည်း ဝတ်ဆင်စေသည်။“ Wow ဒါမျိုးမှ ငါကောင်ကြီးက တော်တော်ခန့်သွားတာ ”
Dressing Room ထဲမှ Hoodie အနက်၊ ဂျင်းဘောင်းဘီ
အပြာ ဝတ်ဆင်ပြီး ထွက်လာသည့်သူသည် အရင်က
လူကြီးဝတ် အိတ်ထောင်နှစ်ဖက်ပါ Shirt လက်တိုနဲ့
ပုဆိုးကိုသာ တွဲဖက်ဝတ်ဆင်လေ့ရှိသော သုတနဲ့
ဘာမှ မဆိုင်လောက်အောင် ကွဲပြားနေလျက်ရှိသည်မှာ အမှန်ပင်ဖြစ်လေသည်။ထူထဲနက်မှောင်နေသည့် မျက်ခုံးမွှေးများအောက်မှ
ဗာဓံစေ့ပုံရှည်လျားသည့် မျက်လုံးများ၏ တောက်ပမှုကို သူတို့အခုမှ သတိပြုမိကြသည်။သုတဟာ တကယ်တော့ သူတို့လို
လူချောတစ်ယောက်ပါပဲလား။ထို့နောက် JCGV မှာရုပ်ရှင်ကြည့်ကြသည်။ KTV သွားပြီး သီချင်းများလည်း အော်ဟစ်သီဆိုလိုက်သေး၏။
အပြန်မှာ လမ်းကြုံနေသဖြင့် မန်းတလေးတောင်ပေါ်၌ နေဝင်ချိန် ဝင်ကြည့်ဖြစ်ကြပါသည်။“ ဟောဟိုမှာ ငါတို့ တက္ကသိုလ်ကြီး တွေ့လား ”
ရောင်ဝါ လက်ညှိုးညွှန်ပြရာသို့ မျက်မှောင်ကြုတ်လျက်
ကြည့်လိုက်ကြလေရော တိုင်းရင်းဆေး တက္ကသိုလ်ကြီးဖြစ်နေသဖြင့် ရယ်မောမိကြလေသည်။
KAMU SEDANG MEMBACA
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Fiksi Remajaမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....