Chapter ( 17 )

1.3K 104 0
                                    

ဒီနေ့ အတန်းတက်ရမည့်အဖြစ်ကို ခါတိုင်းနေ့တွေနဲ့မတူဘဲ စိတ်ရွှင်လန်းတက်ကြွနေလျက်ရှိသည့် အဓိကအကြောင်းအရင်းမှာ ပြုံးလိုက်လျှင် ကလေးတစ်ယောက်လို ချစ်စရာကောင်းသွားသော နေခြည်မိုးကြောင့်ဖြစ်၏။

ရုပ်ရှင်ရုံထဲက လက်နှစ်ဖက်ထိတွေ့သွားခဲ့ကြသည့် အဖြစ်ပျက်ကို တစ်ညလုံး ပြန်တွေးမိပြီး ရင်ခုန်စိတ်လှုပ်ရှားနေမိခဲ့တာ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။ အခု အဲသည် အကျိုးဆက်ကြောင့် မျက်ကွင်းများ ညိုလျက် ချိုင့်ဝင်လို့နေသည်။

“ ညည ဂျပန်ဇာတ်ကားတွေ ခိုးခိုးကြည့်တာ
လျော့လျော့ ကိုယ့်ကောင် ”

ရောင်ဝါက ညစ်ညမ်းသည့်သဘောဖြင့် သူ့ပခုံးကို
ပုတ်လျက်စသောအခါ သူ ပြန်ဖဲ့လိုက်၏။

“  အောင်မာ ငါ့များ  မင်းလိုထင်နေလား ”

“ ဟင့်အင်း။ ငါက မင်းလို မငြင်းဘူး ကြည့်ရင်ကြည့်တယ်ပဲ။ အဲတစ်ခုတော့ ကွာတယ်။ ငါက ဂေး Porn တွေပဲကြည့် ... ”

ရှေ့မကြည့်နောက်မကြည့်နဲ့ အားရပါးရအော်ပြောနေသော ရောင်ဝါ့စကားကြောင့် သုတ ခေါင်းနပမ်းကြီးသွားလေသည်။

“ ဟာ ... ဟေ့ရောင် တိုးတိုးပြောပါကွ။ သူများတွေကြားသွားဦးမယ် ”

ဘေးဘီကိုဝေ့ကြည့်တော့ မကြားနိုင်လောက်သည့် အကွာအဝေးမှာသာ လူတွေရှိနေကြလို့ တော်ပါသေးရဲ့။

စာသင်ဆောင်များ၏ Corridor ကနေ ဟိုကူးသည်ကူးနဲ့ ဖြတ်မလျှောက်ချင်တာကြောင့် မြေကြီးကိုနင်းလျက် တမာပင်တန်းအောက်ကနေပဲ သူတို့ လျှောက်လာခဲ့ကြသည်။ တစ်နေရာရောက်တော့ သုတ၏ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားပါသည်။

“ ဘာဖြစ်လို့လဲ ”

ရုတ်တရက်ဆိုတော့ မြွေများတွေ့လို့ ရပ်လိုက်တာလားဟု ရောင်ဝါ လန့်သွား၏။ ဤတက္ကသိုလ်ပတ်ဝန်းကျင်သည် လယ်ကွင်းများနဲ့ ထိစပ်နေသောကြောင့် မြွေ အင်မတန်ပေါသည်မဟုတ်လား။

အဓိပ္ပတိလမ်းမပေါ်  ဖြတ်ကူးသွားလေ့ရှိသော ရှည်လျားလွန်းလှသည့် မြွေကို ရောင်ဝါနှစ်ကြိမ်တိုင်တိုင် မြင်ဖူးပြီး လန့်အော်မိခဲ့ဖူးပါသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedTahanan ng mga kuwento. Tumuklas ngayon