သုတ စိတ်ဝင်စားရမည့်သူသည် ပထမဆုံး
Architecture Design Presentation ပြုလုပ်ရမည့်နေ့၌ ပေါ်ပေါက်လာခဲ့လေသည်။တတိယနှစ်ဗိသုကာ ကျောင်းသားကျောင်းသူကလေးများသည် Bus Stand ခေါင်းစဉ်ဖြင့် ဆရာဆရာမ
ငါးဦးဖြင့် ဖွဲ့စည်ထားသော Jury လူကြီးများအား မိမိတို့
Design ကို ရှင်းပြရမည့် ပထမဆုံး အတွေ့အကြုံဖြစ်ရာ
ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိကြသည်။မဲနှိုက်ထားသော နံပါတ် များအလိုက် စီနီယာအတိုင်း
တစ်ယောက်ပြီးတစ်ယောက် Board မှာ စာရွက်များကပ်ပြီး၊ ထို Board ကြီးကို လူတစ်ယောက်၏ အကူအညီဖြင့် နှစ်ယောက်အတူ မ, လျက် ဝင်ရသည်။ရောင်ဝါနဲ့ သုတက နံပါတ်စဉ်ကပ်လျက်
အတူတူကျသည်။ အခု အခန်းထဲမှာ Presentation လုပ်နေသော ရောင်ဝါ့အလှည့်ပြီးလျှင် သုတ ဝင်ရမည်။သုတသည် တစ်ယောက်တည်းစာရွက်များကပ်လျက်ရှိစဉ် အနားသို့ အရိပ်တစ်ခုရောက်လာ၏။
မော့ကြည့်တော့ ကောင်မလေးတစ်ယောက်။
ထိုကောင်မလေးကို သူသိပါသည်။ အတန်းထဲကပင်ဖြစ်သော်လည်း နာမည်မမှတ်မိပါ။“ ကူကပ်ပေးမယ်နော် ”
ဖော်ရွေသော အပြုံးဖြင့် ဆိုသည်။ သူ မငြင်းပါ။ အမှန်တကယ် အကူအညီလိုအပ်နေပါသည်။
“ အာ ဟုတ် ကျေးဇူးတင်ပါတယ် ”
ဤသို့ဖြင့် ကောင်မလေးက သူ့ကို စက္ကူတိပ်များ
လိုသလောက် ဖြတ်ပေးသည်ကို ယူ၍ စာရွက်များကို
သုံးရွက် တစ်တန်းနှုန်းဖြင့် ညီညာအောင် ကပ်ရ၏။
မကြာခင် ရောင်ဝါ အခန်းထဲက ထွက်လာသည်။
မိမိအလှည့်ရောက်ပြီဖြစ်ရာ ကောင်မလေးနဲ့သူ
Board အတူမလျက် အခန်းထဲ ဝင်ခဲ့ကြပါသည်။Design ရှင်းပြနေစဉ်အတွင်းမှာ ကောင်မလေးက
သူ့ကို ဆရာ/ဆရာမများ၏ အနောက်က ခုံများမှာ
ထိုင်လျက် သဘောကျစွာ ငေးကြည့်နေ၏။
သူ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်မှာ ပထဆုံး
Presentation အတွေ့အကြုံဖြစ်၍ပဲလား၊
ထိုကောင်မလေးကြောင့်လား မဝေခွဲတတ်ခဲ့ချေ။
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....