Ch ( 32 )

149 12 1
                                    

အောက်တိုဘာလ နောက်ဆုံးအပတ်မှာ စတုတ္ထနှစ်
ဒုတိယနှစ်ဝက် စာမေးပွဲကို ဖြေကြရလေသည်။
Civil နဲ့ Archi သည် ကျက်စာကလွဲလျှင်
သင်ကြားရသည့် ဘာသာရပ်တော်တော်များများတူ
သောကြောင့် တစ်ယောက်မသိသော ပုစ္ဆာတွေရဲ့ ပြဿနာတွေကို တစ်ယောက်က ဖြေရှင်းပေးခြင်းဖြင့်
ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုလုပ်ခဲ့ကြရာ
အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ခဲ့ကြလေသည်။

သို့သော် ကျက်စာဘာသာရပ်များမှာတော့ သူတို့ အနည်းငယ် ထိတ်လန့်နေမိကြ၏။ အကြောင်းမှာ
စာသင်နေစဉ်တုန်းက ဆရာများ၏ စကားအသွားအလာ အပြောဆိုကို အကဲခတ်ပြီး မိမိစိတ်ထဲပါနိုင်သည်ဟု
ထင်ထားသော အပုဒ်များကိုသာ ပိုင်နိုင်အောင် ကျက်မိကြပြီး ကျန်အပုဒ်များကိုတော့ နားလည်ရုံမျှသာ ဖတ်ထားမိသောကြောင့်ဖြစ်ပါသည်။

အပိုင်ကျက်ထားသည့် အပုဒ်များ မေ့နေသဖြင့်
ပြန်နွှေးရသည်ကတစ်ဖက်၊  ဟိုသူငယ်ချင်း သည်သူငယ်ချင်းမှ ဘယ်ကနေ ဘယ်လိုကြားလာလည်းမသိရသော ပုစ္ဆာများကို သေချာပေါက်ပါမည်ဟု ပြောပြသည့်အခါထိုအထဲ၌ ကိုယ်မကျက်ထားသည့် အပုဒ်ပါသွားလျှင် စိတ်ဓာတ်ကျသွားပြီး မြန်မြန် ကျက်ရမှတ်ရသည်က တဖက်နဲ့ စတုတ္ထနှစ် ဒုတိယနှစ်ဝက်စာမေးပွဲသည်
တက္ကသိုလ်ဝင်တန်းစာမေးပွဲထက်ပို၍ အင်မတန် စိတ်ဖိစီး
စရာကောင်းသော စာမေးပွဲတစ်ခုဖြစ်ခဲ့ရသည်။

“ စိတ်ညစ်ပါတယ်။ ငါတော့ ဂုဏ်ထူးတန်းမှ ပါပါတော့မလား မသိဘူး ”

နောက်ဆုံး  ဘာသာရပ်ဖြေဆိုပြီး စာသင်ခန်းထဲက
ထွက်လာတော့ ရောင်ဝါက စိတ်ပျက်လက်ပျက်
ရေရွတ်သည်။ ငါးပုဒ်မေးတာ သုံးပုဒ်ပဲ
ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်ခဲ့သည်။ ကျန်နှစ်ပုဒ်သည် သာမာန်ကာ လျှံကာမျှသာဖတ်ထားသော အပုဒ်တွေဖြစ်နေသောကြောင့် မှတ်မိသလောက်သာ ရော်ရမ်းမှန်းဆ၍ ဖြေခဲ့ရသည်။

သုတသည် ရောင်ဝါ့ကို ပြန်အားမပေးနိုင်လောက်အောင် မိမိကိုယ်တိုင်သည်လည်း စိတ်ဓာတ်ကျလျက်ရှိ၏။ သူလည်း ရောင်ဝါနဲ့ ဘဝတူ။ သုံးပုဒ်သာ ကောင်းကောင်းဖြေနိုင်ခဲ့သူဖြစ်လေသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWo Geschichten leben. Entdecke jetzt