ဇာတ်သိမ်းပိုင်း

3.3K 150 13
                                    

အချိန်တွေ တဖျပ်ဖျပ်ကုန်လွန်သွားခဲ့တာ ယခုဆိုလျှင်
နှစ်နှစ်တောင်ရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်နှစ်တာကာလအတွင်းမှာ မိမိတို့၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် မရှိတော့တဲ့အဖြစ်ကို နေသားကျအောင် ကြိုးစားခဲ့ရသည်မှာ တော်တော်ပင် မလွယ်ကူခဲ့ချေ။

လောကနိယာမအရ ဖြစ်ပျက်သဘောတရားကို
လွန်ဆန်လို့မရသဖြင့် ဆင်းရဲ၊ ချမ်းသာ၊ ဂုဏ်ပကာသန
တို့အပေါ် မမူတည်ဘဲ နောက်ဆုံး၌ မလွဲမသေထွက်ပေါ်လာရမည့် လူနှစ်မျိုးနှစ်စားရှိ၏။ ထွက်သွားသူနဲ့ ကျန်ရစ်ခဲ့ရသူ။ မည်သူမျှ စောစောမသေချင်ကြသော်လည်း ရွေးချယ်ခွင့်ရလာ၍ ရွေးချယ်ရမည့်ဆိုပါက
ကျန်ရစ်ခဲ့ရတဲ့သူ မဖြစ်လိုဟု သူတို့ ဆုတောင်းမိမှာ သေချာပါသည်။

အခုသူတို့နှစ်ယောက်သည် တစ်ချိန်က သူငယ်ချင်းသုံးယောက်သား နောက်တစ်ကြိမ်ပြန်လာမည်ဟု ကတိပေးခဲ့ကြပြီး မလာဖြစ်ခဲ့သော ကလောမြို့၏ View Point သို့
Bachelor ဘွဲ့ရအပြီး၌ ရောက်လာကြခဲ့ကြသည်။

စိမ်းစိုနေသော တောင်တန်းများသည် ယခင်အတိုင်း စိမ်းစိုနေဆဲ၊ မိုးကောင်းကင်ကြီးသည်လည်း သူတို့ရောက်တုန်းကလို ကြည်လင်တောက်ပနေဆဲ၊ ပြောင်းလဲသွားတာဆိုလို့ တောင်တန်းတွေကို ပွတ်တိုက်နှုတ်ဆက်လျက်တရွေ့ရွေ့ထွက်ခွာသွားကြသော မိုးသားတိမ်လိပ်တွေနဲ့
သူတို့အချစ်ရဆုံး သူငယ်ချင်းလေး ပါမလာတာပဲဖြစ်သည်။

“ မင်း ... မင်းအကိုဆီလိုက်သွားဖို့ ဆုံးဖြတ်ပြီးပြီပေါ့
စည်သူ ”

“ ဟုတ်တယ်။ ဟိုမှာ ငါ့အစ်ကိုလည်း ရှိတော့လေ။
အဲဒီက တက္ကသိုလ်တစ်ခုခုမှာ
Master ဘွဲ့ရအောင် ဆက်တက်မယ်လို့ Plan
ချထားတယ်။ ဒီပြန်လာဖြစ်ရင်လည်း လာမယ်။
ဟိုမှာ အလုပ်လုပ်ဖြစ်ပြီး နေဖြစ်သွားတာလည်း ဖြစ်နိုင်တယ်။ မသေချာသေးပါဘူး ”

သူငယ်ချင်း၏ ရည်မှန်းချက်အတွက် ရောင်ဝါ ကျေနပ်ဂုဏ်ယူမိသော်လည်း ဝမ်းနည်းသလိုဖြစ်သွား၏။ သို့သော် ဘာတစ်ခုမှ အကြံမပြုခဲ့ပေ။ မိမိရည်ရွယ်ထားသည့် အနာဂတ် Plan ကိုသာပြောပြမိလေသည်။

“ ငါကတော့ အရင်ဆုံး အတွေ့အကြုံရအောင်
ရန်ကုန်သွားပြီး အလုပ်လုပ်ဦးမယ်။ Architect လိုင်စင်ရပြီဆိုတော့မှ ကိုယ်ဘာသာကိုယ် Archi Company ထောင်ဖို့ စဉ်းစားထားတယ် ”

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now