Chapter ( 26 )

1.2K 103 2
                                    

သူငယ်ချင်းသုံးယောက် ကိုယ့်စာကိုယ်ဖတ်နေခိုက် ရုတ်တရက် စည်သူ၏ ဖုန်း Ringtone မြည်သံကြောင့် အာရုံပျက်သွား၏။ Contact ကိုကြည့်လိုက်တော့
ဒေးဗစ်ဆီမှဖြစ်နေသဖြင့်  ထိတ်ခနဲလန့်သွားကာ
ဖုန်းကို ချက်ချင်း ချပစ်လိုက်မိလေသည်။

တဖက်က ဒုတိယအကြိမ်ပြန်ခေါ်လာသည်။

“ ဟိုကောင်ဆက်တာလား ”

မိမိ မျက်နှာ ပျက်ယွင်းနေမည်ကို သတိထားမိသော
သုတက မေးသည်။ စည်သူ ခေါင်းညိတ်ပြလိုက်သောအခါ သုတက မည်သည့် မှတ်ချက်မှမပေးချေ။
စည်သူသည် ဘာကိုမျှ မငဲ့ကွက်နေတော့ဘဲ
ဒေးဗစ်၏ ဖုန်းနံပါတ်ကို ချက်ချင်း
Block ပစ်လိုက်၏။

ပြဿနာသည် မုန်တိုင်းမလာခင် အချိန်ကာလအပိုင်းအခြားတစ်ခုလို ခဏတော့ ငြိမ်သက်လျက်ရှိသည်။ နောက် နာရီပိုင်းလောက်ကြာသည့်အခါမှာတော့ သူတို့ဆီသို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။

“ တီ တီ တီ တီ ... စည်သူ ... တီတီတီတီ ....စည်သူ ”

အဆက်မပြတ်ကားဟွန်းတီးသံနှင့်အတူ နာမည်
အော်ခေါ်နေသံကြောင့် သူတို့ အပြင်သို့ ကမန်းကတန်း
ထွက်ကြည့်သောအခါ   အဆောင်၏
ကား Parking မှာရပ်နေသော ဒေးဗစ်ကိုတွေ့ရလေသည်။
တစ်ဆောင်လူံးက ကျောင်းသားတွေအကုန်
ထွက်ကြည့်နေကြသည်။

ဒေးဗစ်က စည်သူ့ကို မြင်တော့ လက်ဝှေ့သမားတွေ အချင်းချင်း စိန်ခေါ်ကြသလို လက်ယက်ပြီး ခေါ်လေသည်။ သုတက လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ထားပြီး အံကိုတင်းတင်းကျိတ်လျက်
အောက်ထပ်သို့ ပြေး ဆင်းသွားသည်။

“ သုတ ဘာမှမလုပ်နဲ့နော် ... စိတ်ကိုထိန်း ”

စည်သူနဲ့ ရောင်ဝါတို့ သုတကို အော်ဟစ်သတိပေးရင်း
အနောက်ကနေ ပြေးလိုက်ကြရသည်။

မြေပြင်သို့ရောက်ပြီး ဒေးဗစ်နဲ့ နှစ်ယောက်သားမျက်နှာချင်းဆိုင်မိကြသောအခါ သုတသည်
သူငယ်ချင်း၏ မျက်နှာပေါ်က ဖူးယောင်နေသည့်
ဒဏ်ရာဒဏ်ချက်တွေကို ကြည့်ရင်း နှစ်ရက်ကြာအောင်ချုပ်တည်းထားရတဲ့ ဒေါသတွေကို လွှတ်ပေးလိုက်တော့သည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedWhere stories live. Discover now