Chapter ( 37 )

1.1K 92 1
                                    

“ သုတ ဒီမှာမင်းအတွက် ပန်းစည်း။ ငါမင်းကို ပါရမီဖြည့်မလို့ လက်ဆောင်အဖြစ် ဝယ်လာတယ်။ ငါ့ကို
ပြန်မပေးနဲ့တော့ ”

သုတက မှာသောကြောင့် အဆောင်ပြန်လာသောလမ်း၌ လမ်းကြုံသဖြင့် ပျိုးခင်းဆိုင်တစ်ဆိုင်မှ ဝင်ဝယ်လာခဲ့သော စိုကြွလှပသည့် အနီရောင်နှင်းဆီပန်းစည်း
ကို ရောင်ဝါ စာကြည့်စားပွဲပေါ်မှာ တင်ထားလိုက်၏။

ထို့နောက် အခုချိန်ထိ ဘာမှမပြင်ဆင်ရသေးဘဲ ဆံပင်စုတ်ဖွား၊ အိပ်ချင်စုံမွှားဖြင့် ထိုင်နေသော သုတ၏အဖြစ်ကို သတိထားမိသွားသောအခါ မျက်လုံးပြူးသွားရလေသည်။

“ ဟင် မင်းဘာမှမလုပ်ရသေးဘူးလား ”

“ ဓာတ်ပုံဆိုင်က ပြန်ရောက်ပြီး ပင်ပန်းတာနဲ့ တစ်ရေးတမော အိပ်ပျော်သွားတာ။ ခုနကမှ နိုးတာပဲ။
အခု စည်သူရေချိုးပြီးတာကို စောင့်နေတာ ”

ရောင်ဝါသည် အဝတ်သေတ္တာထဲက Dinner ပွဲအတွက် ကြိုဝယ်ထားသည့် အဝတ်အစားသစ်တွေ လျှင်မြန်သွက်လက်စွာ ထုတ်လဲရ၏။

“ ဟင် ... မင်း ရေမချိုးဘူးလား ”

သုတက မေးသည်။

“ မချိုးတော့ဘူး။ အဖေနဲ့အမေကို Hotel ဝင်ပို့ရင်းနဲ့
ရေပါတစ်ခါတည်း ဝင်ချိုးလိုက်တာ ”

မိနစ်ပိုင်းအတွင်းမှာတင် အဝတ်အစားလဲတာ ပြီးစီးသွားပြီး မျက်နှာနဲ့ ဆံပင်ကို စိတ်ရှည်လက်ရှည်
ဖြီးလိမ်းပြင်ဆင်ရ၏။ ထို့နောက် ပြတင်းပေါက်မှန်ထဲမှာ
မိမိ၏ ပုံရိပ်ကို အထာကျမကျ ကြည့်ပြီး ကျေနပ်တော့မှ
အပြင်ထွက်ဖို့ ပြင်ရသည်။

“ Presenter လုပ်ရမှာဆိုတော့ နောက်ကျနေမှာစိုးလို့
ငါ စောစောသွားတော့မယ်။ မင်းနဲ့ စည်သူတို့ အတူတူလာခဲ့ကြပေါ့။ သူတို့ပွဲကလည်း ကန်တော်ကြီးမှာပဲဆိုတော့ လမ်းကြုံတယ် ”

“ Ok bro ။ ကားကို ဖြေးဖြေးမောင်းသွားဦး ”

ထုံးစံအတိုင်း သုတက စိုးရိမ်ပူပန်စွာ သတိပေးသည်။
ရောင်ဝါ အပြင်သို့ ထွက်ခဲ့၏။ စိတ်ထဲ တထင့်ထင့်ဖြစ်နေမိသောကြောင့် လှေကားထိပ်ရောက်တော့ ပြန်လှည့်လာပြီး  အခန်းထဲသို့ ပြင်ဝင်လာခဲ့လေသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedTempat cerita menjadi hidup. Temukan sekarang