Chapter ( 18 )

1.2K 107 0
                                    

ခေတ်မှီလှပသော သုံးထပ်တိုက်ကလေးဖြစ်သည့်
နေခြည်မိုးတို့အိမ်သို့ရောက်သောအခါ နေခြည်မိုးအား ကျောင်းလိုက်ပို့သည့် ကားပေါ်က အမျိုးသားနဲ့ပက်သက်ပြီး အမြင်ရှင်းသွားတော့၏။ အကြောင်းမှာ ထိုအမျိုးသားသည် သုတ ထင်သလိုမဟုတ်ဘဲ နေခြည်မိုး၏
အကိုအရင်းဖြစ်နေသောကြောင့်ဖြစ်ပါသည်။

“ ဒါက နေခြည့်အကိုလေ။ ကိုလရောင်မိုးတဲ့ ”

နေခြည်မိုးက မိတ်ဆက်ပေးတော့ သုတသည်
မိမိ၏ တဖက်သတ်ကောက်ချက်ချမိသော အထင်လွဲမှုအတွက် နောင်တရ ရှက်ရွံ့သွားမိသည်။

အပြစ်တစ်ခုလုပ်မိထားသော သူတစ်ယောက်လို
စိတ်မလုံတော့ဘဲ ကိုလရောင်မိုး ကမ်းပေးလာသည့်လက်အား မဝံ့မရဲဖြင့် ဆုပ်ကိုင်နှုတ်ဆက်လိုက်ရလေသည်။

“ တွေ့ရတာ ဝမ်းသာပါတယ် ကိုလရောင်မိုး ”

“ အကိုလည်း အတူတူပါပဲ။ လာ ညီလေးတို့ ”

နေခြည်မိုးနဲ့ အသက်တော်တော်ကွာပုံရသော ကိုလရောင်မိုးသည် သူတို့ကို ညီမဖြစ်သူ၏ အရေးကြီးသော ဧည့်သည်များအဖြစ် ဖော်ရွေလှိုက်လှဲစွာ ဆက်ဆံသဖြင့်
အနေရမခက်တော့ချေ။

“ ဟင် နင့်သူငယ်ချင်းမိန်းကလေးတွေလဲ မတွေ့ပါလား ”

စားပွဲဝိုင်းများပြင်ဆင်ထားသည့်
အပေါ်ထပ်သို့ ရောက်သွားသောအခါ လူကြီးများကိုသာတွေ့ရသဖြင့် ရောင်ဝါက မေးလိုက်သည်။

“ သိတဲ့အတိုင်း အဲမိန်းမတွေက
အတန်းပျက်ခံရမှာကို သေမလောက်ကြောက်တတ်တဲ့သူတွေလေ ”

သူတို့ကို နေခြည်မိုးကိုယ်တိုင် ထမင်း ခူးခပ်ပေးပြီး ဧည့်ခံလေသည်။ ထို့နောက် အချိုပွဲဝိုင်း၌
လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည့် Design Presentation အတွေ့အကြုံများအကြောင်း  ပြောဆိုဖလှယ်ကြရင်း အချိန်တွေကြာသွားသည်။

“ သမီးရေ ဒီမှာ မောင်မင်းသန့်တို့ရောက်လာတယ်ဟေ့ ”

အသံလာရာကို လှမ်းကြည့်လိုက်တော့ လက်ဝတ်လက်စား အပြည့်စုံနဲ့  ဝင့်ထည်ခန့်ညားလှသော အမျိုးသမီးကြီးတစ်ယောက်ကို တွေ့ရ၏။
နေခြည်မိုးနဲ့ ရုပ်ချင်းဆင်သဖြင့် အမေမှန်း တန်းသိလိုက်ပါသည်။

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora