သည်ရက်ပိုင်း ရောင်ဝါ့ မျက်နှာသည် အချိန်တိုင်းလိုလို
ညှိုးနွမ်းနုံးခွေလျက်ရှိသည်။ တစ်ခါတစ်လေ သူတို့
စကားလှမ်းပြောနေသည်ကိုလည်း ကြားဟန်မတူဘဲ
နှစ်ခါသုံးခါ ခေါ်တော့မှ အလန့်တကြားပြန်ထူးလေသည်။ရောင်ဝါ ထိုကဲ့သို့ဖြစ်နေရသည့် အကြောင်းအရင်းမှာ
မကြာသေးခင်က ကြေငြာခဲ့သော ပထမနှစ်ဝက် စာမေးပွဲ၏ ရလဒ်များကြောင့်ဟု သူတို့နှစ်ယောက်
ထင်နေခဲ့ကြပြီး အားပေးစကားများ ပြောဖြစ်ကြလေသည်။“ C ပါလဲဘာဖြစ်လဲကွာ။ ငါ ဆရာ့ကိုမေးပြီးပြီ။
နောက်စာမေးပွဲမှာ B ရရင်ကို Qualify ဖြစ်ဖို့ များတယ်တဲ့။ ငါတို့မှာ အခွင့်အရေးတွေအများကြီးတွေရှိပါသေးတယ်ကွ။ စိတ်ဓာတ်မကျစမ်းပါနဲ့ ”သုတရဲ့ စကားကို စည်သူက ဆက်သည်။
“ ဟုတ်တယ်။ ပြီးတော့ ငါတို့နှစ်ကို လျော့ပေါ့ပေးမယ်လို့လည်း အသံကြားတယ်။ Totorials တွေလည်း မှန်မှန်ဖြေ၊ Assignment တွေလည်း မှန်မှန်ထပ်ထားတယ်
မလား။ ပြီးတော့ မင်းတို့ archi က Project အမှတ်တွေလည်း ရှိသေးတာပဲဟာ။ အဲတာတွေ အကုန်လုံးကို ပျှမ်းမျှပေါင်းပြီး အမှတ်တွက်လိုက်ရင် ... ငါပြောရဲတယ်
သိကြားမင်းရိုက်ချတောင် မကျဘူး လောင်းမလား ”တစ်ဘာသာချင်း ယူမှာလား၊ ပျှမ်းမျှ ယူမလား သေချာမပြောနိုင်သော်လည်း စည်သူက သေချာသလိုပြောနေသောအခါ သုတလည်း ကြောင်အမ်းအမ်းဖြင့် ဖောလို လိုက်ရတော့၏။
“ ဟုတ်တယ်။ စည်သူပြောတဲ့ အတိုင်းပဲ။ ကြိုးစားကြမယ်။ ငါတို့ အတူတူ Bachelor of Architecture ဘွဲ့တွေ၊ Bachelor of Civil ဘွဲ့တွေပါ အတူတူယူမယ် ”
“ ဒါဆို လာထား ”
သုံးယောက်သား ယုံကြည်မှုအပြည့်ဖြင့် တစ်ယောက်လက်ပေါ် တစ်ယောက်ထပ်တင်လိုက်ကြပြီး တိုင်ပင်ထားသည့်အတိုင်း ပြိုင်တူအော်လိုက်ကြပါသည်။
“ One Two Three အောင်ရမည် ဟေး ”
ရောင်ဝါ ပြန်လည်ပြီး ပြုံးရယ်လာသောကြောင့်
တဖြေးဖြေး အဆင်ပြေသွားလိမ့်မည်ဟု သူတို့
ထင်ခဲ့ကြသည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့။
YOU ARE READING
သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] Completed
Teen Fictionမမျှော်လင့်ဘဲ အခန်းဖော်သူငယ်ချင်းနှစ်ယောက်ဟာ ဂေးဖြစ်နေမှန်း Straight ယောက်ျားလေး သိသွားတဲ့အခါ ....