Chapter ( 20 )

1.2K 103 0
                                    

ရောင်ဝါ့ကို သူ့ရည်းစား အဖြေတောင်းစဉ်က
ရိုမန့်တစ်ဆန်လှသည်ဟု ပြောလို့ရသော်လည်း
စည်သူ့ကို သူ့ Crush အဖြေတောင်းပုံကတော့
ထိတ်လန့်တုန်လှုပ်စရာကောင်းလှ၏။

“ ဝေ့လည်ကြောင်ပတ်တော့ လုပ်မယ် မစဉ်းစားနဲ့
မင်း ငါ့ကို ချစ်သလား။ မချစ်ဘူးလား ဒါပဲဖြေ ”

“ ဟို ... ဟို ကျတော် စဉ်းစားဦးမယ် ”

စည်သူက တွန့်ဆုတ်စွာ ပြောသောအခါ ဒေးဗစ်သည်
တစ်ချက် စုပ်သပ်လိုက်၏။

“ ကျွတ် .... ငါ အဲလောက် စိတ်မရှည်ဘူး မင်းသိပါတယ် ”

အခုလို အတင်းအကျပ် တောင်းဆိုသည့်
လုပ်ရပ်မျိုးကို စည်သူ၏ စိတ်ရင်းအခံက မနှစ်သက်သော်လည်း အခြေအနေကိုတော့ အံ့ဩဖို့ကောင်းစွာကျေနပ်သလိုလိုဖြစ်နေမိသည်။

“ ကဲပြောစမ်းပါဦး။ အခုပြောလည်း ဒီစကားပဲ။ နောက်မှပြောလဲ ဒီစကားပဲ ဖြစ်မယ့် ကိစ္စကို ဘာကြောင့် အလကားသပ်သပ် သောက်အချိန်တွေဆွဲနေရတာလဲ။
အကြောင်းပြချက် တစ်ခုလောက်ပေးစမ်း ”

ဒေးဗစ်သည် မိမိ  ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လျက်
မျက်နှာကို တည့်တည့်ကြည့် မေးသောအခါ စည်သူက ပင့်သက်ရှိုက်ကာ ဖြေသည်။

“ ချက်ချင်း အဖြေပေးရင် အဲဒီအချစ်ကို ပေါသွားတယ်လို့ ထင်မှာစိုးလို့ပါ ”

ပြောရင်း မိမိပခုံးကိုဆုပ်ကိုင်ထားသော သူ့လက်တွေကိုဖြုတ်ချဖို့ ကြိုးစားသော်လည်း ဒေးဗစ်က
လွှတ်မပေးဘဲ ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

“ ဟေးဟေး။  ငါ့ရုပ်ကို ကြည့်စမ်း။ အရာရာကို ပေါ့ပျက်ပျက်ထားမယ့် ရုပ်လား ”

“ အွန်း ”

“ ဘာကွ ”

ဒေါသဖြင့် ရုတ်တရက် အော်လိုက်သံကြောင့်
စည်သူ့ ခန္ဓာကိုယ်လေး တုန်တက်သွား၏။ ထို့နောက်
မိမိစိတ်ထဲ ထင်သည့်အတိုင်း မျက်စိစုံမှိတ်လျက်
အားမနာတမ်း ပြောမိလေသည်။

“  ဟို ... ကျတော် ပြောချင်တာကလေ။
အကို့ပုံစံက တက်တူးတွေနဲ့ လူမိုက်ပုံစံလည်း ပေါက်နေတော့ ကျတော့်ကို ချစ်တာဖြစ်နိုင်ပါ့မလားလို့ တွေးမိလို့ပါ ”

သူငယ်ချင်းသုံးယောက်အကြောင်း [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora