ပေကျင်းတက္ကသိုလ်ရဲ့ ဆေးပညာဌာနတွင်ဖြစ်သည်။...မိန်းကလေးအုပ်စုတစ်စုက စာကြည့်တိုက်ထဲသို့ အသားကုန်ချောင်းနေကြတော့သည်။..
"ဟဲ့ ချင်းချက်း ဝင်လေ နင်က အရှေ့မှာပိတ်ပြီး ရပ်မနေနဲ့လေ"
"ငါမဝင်ရဲဘူးဟ စီနီယာနဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်တယ် "
"အမလေး အမိရယ် ဟိုကနင့်ကိုမြင်ရင်တောင် ကံကောင်းတယ်မှတ် စီနီယာက အနီးမှုန်ဆိုတာ နင်မေ့နေတာလား"
"ကဲ စကားတွေများတယ်ဟယ် ဖယ် ငါဝင်မယ်"
ရှေ့ဆုံးက ထွက်သွားတဲ့ကောင်မလေးနောက် ကျန်တဲ့သူတွေက လိုက်ဝင်ကြသည်။....
စာကြည့်တိုက်ထဲဝင်လိုက်တာနဲ့ အားလုံးနဲ့ ကွဲပြားစွာ ထင်ပေါ်နေတဲ့ စီနီယာအကိုကြီးရဲ့ အရှေ့ခုံမှာ ဝင်ထိုင်လိုက်ကြသည်။....
ခြောက်ပေကျော်အရပ်နဲ့ ပိန်ပါးပါးဖြူသွယ်သွယ် နဲ့ အကိုကြီးတစ်ယောက် ပါဝါမျက်မှန်အထူအောက်က မျက်ဝန်းကြည်ကြည်တွေ ဖြောင့်စင်းတဲ့ နှာတံသွယ်သွယ်ရယ် ပါးလျလျ ရွှန်းစိုစို နှုတ်ခမ်းလေးရယ် နှုတ်ခမ်းအောက်က မဲ့နက်လေးရယ် သေချာကြည့်လေ ဒီအစ်ကိုက ပြည့်စုံလေပဲ....
ဆေးဌာနသာမက ပေကျင်းတက္ကသိုလ်တစ်ခွင်မှာ စီနီယာရှောင်းကျန့်လို့ဆိုရင် မိန်းကလေးတွေက သဲသဲလှုပ်ပင်။....အချိူ့ယောကျာ်းလေးတွေတောင်မှပေါ့....
ဒါပေမယ့် ဘယ်သူမှ ဒီအစ်ကိုရဲ့ စိတ်ဝင်စားမှုကို မရခဲ့ကြဘူး....
သူမတို့ငေးနေတုန်း ဖုန်းသံတိုးတိုးလေးထွက်ပေါ်လာတာကြောင့် အကိုက ဖုန်းကိုကိုင်ရင်း ပြုံးလိုက်သည်။...
အပြုံး....အဲ့အပြုံးကရူးလောက်စေသည်။ နွေးနွေးထွေးထွေးကြည်ကြည်နူးနူးလေးပြုံးလိုက်တဲ့ အကိုရဲ့အပြုံး ဒီချိူမြိန်မြိန်အပြုံးလေးက ဘယ်သူကြောင့်များဖြစ်တည်လာရလေသလဲ သူမတို့သိပ်သိချင်သည်။....
"ဝါး ပြုံးလိုက်တာများ ရူးလောက်တယ်ဟာ"
"ကြည့်ကောင်လိုက်တာ အကို့အပြုံးက"
ဖုန်းပြောဖို့ စာကြည့်တိုက်အပြင်ထွက်သွားတဲ့ ရှောင်းကျန့်ကတော့ ရင်ထဲပီတိတွေဖြာလို့ပေ။...
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...