Ugly Boy But Handsome Man

12.9K 1.2K 57
                                    

သောကြာနေ့ဆိုတာ ကျောင်းသားတိုင်းအတွက် အပျော်ဆုံးနေ့ပင်။...စိတ်တွေလွတ်လပ်ပျော်ပါးနေတဲ့ ကျောင်းသားတွေကြားက ရှောင်းကျန့်ဆိုတဲ့ ဝဝဖိုင့်ဖိုင့် ကောင်လေးတစ်ယောက်ကိုသာ ရိပေါ်ငေးကြည့်နေခဲ့မိတယ်.....

ဒီနေ့က ကျောင်းဘတ်စကတ်ဘော ဖိုင်နယ်နေ့....
ှကျောင်းမှာပြိုင်ရမှာမဟုတ်ဘဲ မြို့နယ်အားကစားရုံဆီသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်တာကြောင့် ကျောင်းကပြင်ဆင်​ပေးထားသောကားတွေနှင့်သွားရမည်ဖြစ်သည်။

ရိပေါ်တို့လို ကစားသမားတွေက သပ်သပ်ဆီသွားရမည်တာကြောင့် တစ်ယောက်တည်းကျန်ခဲ့မည် ကျန့်ကျန့်အားစိတ်မချပေ။...

"ဆရာရွှီ.."

"အော် ရိပေါ် ပြောလေ"

"နေရာတစ်နေရာလောက်များ လွတ်အုံးမလား"

"အင်း လွတ်ပါသေးတယ်"

"ကျွန်တော်တစ်ယောက်လောက် ဒီဘက်ကားဆီခေါ်ခဲ့ချင်လို့ "

"Okလေ"

..........................

ရှောင်းကျန့်တစ်ယောက်ကတော့တိုင်ပတ်နေလေပြီ ဘယ်ကားပေါ်တက်တက် ကားပြည့်နေပြီဆိုတာချည်းသာ...

နောက်ဆုံး မထူးတော့ မတ်တပ်ပဲရပ်ရရပ်ရ ရိပေါ်ရဲ့ဖိုင်နယ်ကို သွားကြည့်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ကြုံရာကားပေါ်သာတက်လာခဲ့လိုက်သည်။...

ကံဆိုးချက်ကတော့ ထိုကားပေါ်မှာ ယွမ်ယွမ်နဲ့ အပေါင်းအသင်းတွေ ရှိနေခြင်းဖြစ်သည်။..

"ဟဲ့ ဝက်ရုပ်ဆိုးကောင် လူပြည့်နေပြီဆိုတာကို နင်လူလိုနားမလည်ဘူးလား"

"ငါ ငါ မတ်တပ်ရပ်စီးမှာပါ"

"ကျက်သရေတုံးကောင် နင်ပါတာ ငါတို့ကားအတွက် လာဒ်ပိတ်တယ် သွား ငါ့အမှိုက်ကိုသွားပစ်ပေး"

ရှောင်းကျန့်က ယွမ်ယွမ်ရဲ့ အမှိုက်ကိုသွားပစ်ပေးချိန်မှာ ကျောင်းသားတွေစီးတဲ့ကားအားလုံးက စတင်ထွက်ခွာနေလေပြီ။...

"ဟေး ကျွန်တော်ကျန်သေးတယ်လေ ကျွန်တော်..ဒီမှာ လူကျန်သေးတယ်လို့ အဟင့်"

"အားကျန့်!!!"

မျက်ရည်တွေကြားကနေ သူ့နာမည်ခေါ်သံကြားရာသို့လှည့်ကြည့်မိချိန် ဘတ်စကတ်ဘေယဘောင်းဘီအနီနှင့် ရှပ်အဖြူ ကိုတွဲဖက်ဝတ်ဆင်ထားသော ရိပေါ်...

Ugly Boy But Handsome Man (Completed) Onde histórias criam vida. Descubra agora