Ugly Boy But Handsome Man

11.3K 936 19
                                    

အားလျှိုညကစောစောအိက်မပျော်ပေမယ့် မနက်စောစော ရေဆာတာကြောင့်နိုးလာသည်။..

ရုတ်တရက် တစ်ဖက်ကုတင်ကိုလှမ်းကြည့်မိတော့ ဖက်လျက်အိပ်ပျော်နေတဲ့ လူနှစ်ယောက်ကြောင့် အားလျှိုလက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။..

ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲမှာရှိနေပြီး ရိပေါ်ရဲ့ခါးတွေကိုဖက်ထားသည်။ရိပေါ်ကလည်းရှောင်းကျန့်တစ်ကိုယ်လုံးကိုသိမ်းကြုံးပြီး သူ့ရင်ခွင်ထဲထည့်ထားသည်။...
အားလျှို ထိုနှစ်ယောက်ကို ဆွဲခွာပစ်ချင်စိတ်တွေတဖွားဖွား...

ခြောက်နာရီခွဲလောက်ကျတော့ ရှောင်းကျန့်ကနိုးလာသည်။သူ့ကိုထွေးပွေ့ထားတဲ့ ရင်ခွင်ကျယ်ကိုခပ်ဖွဖွ တစ်ချက်နမ်းလိုက်ပြီး အိပ်ပျော်နေတဲ့ ချစ်ရသူကိုမော့ကြည့်လိုက်သည်။...

မျက်တောင်စိပ်စိပ်လေးတွေ နှာဖျားလုံးလုံးလေးတွေက သူ့ကိုရူးသွားစေဖို့ လုံလောက်သည်။....

"အားကျန့် နိုးပြီလား"

ရှောင်းကျန့် အားလျှိုရဲ့ ခေါ်သံကြားမှငေးနေရာက အသိဝင်လာပြီး ကုန်းရုန်းထလိုက်သည်။..

"အော် အင်းနိုးပြီ"

သူထလိုက်ပေမယ့် သန်မာတဲ့ လက်တစ်စုံက ပြန်ဆွဲချလိုက်ပြီး နဖူးပြင်ကိုဖွဖွလေးနမ်းလာသည်။...

"အစောကြီးရှိသေးတယ် ကျန့်ကျန့် ဒီနေ့အတန်းတွေက နေ့လည်မှ စမှာမလား"

"အင်း ဟုတ်တယ် ဒါမယ့် မျက်နှာထသစ်အုံးမယ်လေ"

"အဟင်း အရင်က မျက်နှာမသစ်ဘဲ မနက်စာစားပြီး နေ့လည်မှ ထတတ်တဲ့ ညစ်ပတ်အိုးလေး ဘယ်ရောက်သွားပြီလဲ"

"ဟာ ရိပေါ်နော် အဲ့တာက အိမ်မှာ မင်းနဲ့ငါပဲ ရှိတာလေ ခုကတခြားသူရှိနေတာကို"

"ဟုတ်ပါပြီ ကိုယ်ရဲ့ အာပေတူးလေးရဲ့ Morning kiss "

နှုတ်ခမ်းဆူပေးထားတဲ့ ရိပေါ်ကို ရှောင်းကျန့်ကမွခနဲ နမ်းပြီး အိပ်ယာကထသွားသည်။...

ရှောင်းကျန့်ရေချိုးခန်းထဲဝင်သွားတော့ ရိပေါ်က မနက်စာအတွက် delivery ကိုphဆက်လိုက်သည်။...

Ugly Boy But Handsome Man (Completed) Where stories live. Discover now