ရိပေါ် ဒီနေ့အလုပ်သွားရမည်။ သူ့အလုပ်ကတစ်ပါတ်ဆင်းတစ်ပါတ်နားမို့ ဒီနေ့တော့ သူ့အလုပ်တက်ရက်ဖြစ်သည်။
ရှောင်းကျန့်ကမနက်ပိုင်းဂျူတီအားတာကြောင့် ရိပေါ်ကိုပြင်ဆင်ပေးနေသည်။
ရိပေါ်ကိုအကျီကြယ်သီးတပ်ပေးနေရင်း ရှောင်းကျန့်တဖွဖွမှာနေသည်။
ဒါကတော့ သူအလုပ်သွားရမယ့်အပါတ်တိုင်း ရှောင်းကျန့် မှာနေကြပင်။"ဂရုစိုက်နော် ရိပေါ် ဒီနေ့ခရီးစဥ်ရှိတယ်မလား"
"အင်း စကာ်ပူကို"
"ဘယ်ကိုပဲဖြစ်ဖြစ် ဂရုစိုက် ငါမနေ့ကမိုးလေဝသကြည့်တာ ရာသီဥတုသိပ်မကောင်းသလိုပဲ တကယ်ပဲ ငါစိတ်မချဘူး"
"စိတ်မပူပါနဲ့ ကျန့်ကျန့်ရယ် အန္တရာယ်ရှိတဲ့အခြေအနေဆို ကိုယ်တို့ခရီးစဥ်ကိုဖျက်သိမ်းမှာပါ ကိုယ်တို့လေကြောင်းကအခြားဟာတွေထက်ပိုပြီးတောင်သတိထားသေးတယ်"
"မင်း ဒီနေ့မောင်းမှာ အခြားလေကြောင်းလေ လေယာဥ်နံပါတ်ကဘာလဲ"
"AA 212"
"အင်း ငါဆေးရုံကနေကြည့်နေမယ် လေယာဥ်မြင်ရင် ငါလက်ပြလိုက်မယ် ငါ့ကိုပြန်နှုတ်ဆက်နော်"
"အင်း အာဘွားတွေအများကြီးပေးလိုက်မယ်"
"ဟီးးး"
ဒီလိုနဲ့ရိပေါ်ကရှောင်းကျန့်ကိုဆေးရုံအရင်လိုက်ပို့ပေး သူ့အလုပ်ကိုသွားသည်။
ရှောင်းကျန့် ထွက်သွားတဲ့ကားကိုကြည့်ရင်း ရင်ထဲမှာတင်းကြပ်လာသည်။
ဒီနေ့ သူ့စိတ်တွေလေးနေသည်မှာ မိုးလင်းတည်းကပင်။ ဘာကြောင့်မှန်းသေချာမသိပေမယ့် သူရိပေါ်ကိုအလုပ်မသွားစေဘဲ သူ့ဘေးမှာသာနေစေချင်သည်။မျက်နှာမကောင်းဘဲ ဆေးရုံထဲဝင်လာတဲ့ရှောင်းကျန့်ကြောင့် နာစ့်လေးတွေက အရိပ်အကဲကြည့်နေကြသည်။
"ဆရာရှောင်း ဘာဖြစ်တာလဲ"
"ငါလည်း မသိဘူးလေ သူ့ယောကျာ်းနဲ့ရန်ဖြစ်လာကြတာလားမသိဘူး"
"မဖြစ်နိုင်ဘူး ငါလာတော့ ဆရာရှောင်းကိုသူ့ယောကျာ်းလိုက်ပို့တာတွေ့တယ် နှစ်ယောက်သားအဆင်ပြေနေတာပဲ သူ့ယောကျာ်းထွက်သွားမှ ဒီလိုပုံဖြစ်သွားတာပဲ".
VOCÊ ESTÁ LENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...