ရိပေါ်တို့နှစ်ယောက်ကားပေါ်တက်လာတော့ ထိုင်ခုံတွေဟာ အကုန်လူအပြည့်.....
ဒါဆို လွတ်နေတာရှေ့ကားပေါ့...
ခုမှတော့ ဘာမှလုပ်မရတော့ပေ။..အရှေ့ကားကထွက်သွားနှင့်ပြီမို့..ရှင်းအာက သူယူထားတဲ့နှစ်ယောက်ခုံမှာ ရိပေါ်ကို ဝင်ထိုင်ခိုင်းပြီး ရှောင်းကျန့်ကိုတော့ သူနဲ့ပါလာတဲ့တစ်ယောက်နှက့်အတူထိုင်စေသည်။...
"ကျန့်ကျန့် အခင်းတွေရှိလား "
"အင်း လိုရမယ်ဏဖျာနှစ်ချပ်လောက်တော့ ပါပါတယ် ဘာလို့လဲ"
"ကိုယ်တို့ အောက်မှာခင်းထိုင်ကြတာပေါ့"
"ဟမ် ကောင်းပြီလေ"
ရှောင်းကျန့်ကနောက်ဆုံးခုံတွေနားကအပေါ်တန်းမှာထားထားသည့် ဖျာနှစ်ချပ်ကိုယူလိုက်ပြီး လူသွားလျောက်လမ်းတွင် ခင်းလိုက်သည်။..
ပြီးတော့ နှစ်ယောက်သားထိုင်ချလိုက်ကြတော့ ကလေးတွေက အားနာပြီး နေရာဖယ်ပေးဖို့လုပ်ကြသည်။...
"ဟာ စီနီယာတို့ အပေါ်လာပါဗျာ ကျွန်တော်တို့အောက်ဆင်းပေးမယ်"
"နေနေ ရတယ် ကလေးတို့ အောက်ကပိုသက်တောင့်သက်သာရှိတယ် လှဲအိပ်လို့လည်းရတယ် မင်းတို့လည်း ညောင်းရင် ဆင်းထိုင်ကြလေ"
"ဟုတ်ဟုတ်"
နောက်တော့ ကလေးတွေက သူတို့အနားမှာရှိလို့ထင်သည် ရှိန်နေကြပြီး စကားသံတွေတိတ်နေတော့ ရှောင်းကျန့်ကပဲ စကားစပေးလိုက့ရသည်။.
"ခုသွားမယ့်ရွာတွေက သီးနှံစိုက်ပျိုးရေးအများဆုံးလုပ်ကြတာ မင်းတို့တော့ စားရကံကြုံပြီပေါ့ကွာ"
"တကယ်လား စီနီယာ ဟီး ပျော်လိုက်တာ"
"ငါ့ကိုစီနီယာလို့ ခေါ်မနေနဲ့တော့ ကောပဲဖြစ်ဖြစ် ကျန့်ကောပဲ ဖြစ်ဖြစ် အဆင်ပြေသလိုသာခေါ်ကြ"
သဘောကောင်းတဲ့ စီနီယာအကိုကြောင့် ကလေးတွေက ထိုနားတဝိုက်မှာ ပွဲစည်နေကြသည်။.ရှောင်းကျန့်က ကလေးတွေမပျင်းအောက် အလာပသလာပတွေပြောနေသလောက် ရိပေါ်ကတော့ ရှောင်းကျန့်ခါးကို နောက်ကနေ ဖက်ပြီး ကျောပြင်ပေါ် ခေါင်းတင်ကာ အိပ်နေလေရဲ့...
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...