ရိပေါ် ရှောင်းကျန့်ဆီက ဖုန်းရတာနဲ့ dinnerအတွက်ယူထားတဲ့ booking ကိုဖျက်လိုက်ပြီး ရှောင်းကျန့်အဆောင်ဆီလိုက်သွားခဲ့သည်။...
အဆောင်မှူးကိုကြိုပြောထားခဲ့ပြီးပြီမို့ ဂိတ်ဆောင့်ကလည်းမတားတော့ပေ။..
ရိပေါ်က တံခါးအသာခေါက်လိုက်တော့ ရှောင်းကျန့်ကလာဖွင့်ပေးသည်။..
"ရောက်ပြီလား ရိပေါ် မြန်လိုက်တာ"
"အင်း ကိုယ်ဆိုင်ကယ်နဲ့လာတာ"
"တောင်းပန်ပါတယ် ကိစ္စလေးရှိလို့ မင်းနဲ့ dateလို့မရတော့ဘူး"
"အရေးမကြီးပါဘူး ခုမင်းနဲ့တူတူရှိနေပြီပဲ"
"ကျေးဇူးပဲ ငါ့ကောင်လေး ငါ့အနားအမြဲရှိနေပေးလို့"
"ဘာစားပြီးပြီလဲ "
"ဘာမှမစားရသေးဘူး လာဖို့ပြင်နေတုန်း အားလျိုကရုတ်တရက်မေ့လဲသွားတာ"
"အော်"
"တစ်ခုခုစားဖို့မှာလိုက်မယ်လေ"
"ရတယ် ကိုယ်မှာလိုက်မယ် ကျန့်လေးက ဘာစားမလဲ"
"အမဲသားထမင်းကြော်"
"ဟုတ်ပြီ ကိုယ်လူနာအတွက် ဆန်ပြုတ်ပဲ မှာလိုက်တယ်နော်"
"အင်း ငါ့ကောင်လေးက အတော်ဆုံး မွ"
ရှောင်းကျန့်ကရိပေါ်မျက်နှာလေးကို ဆွဲမော့လို့ နှုတ်ခမ်းဖူးဖူးလေးဆီ သူ့နှုတ်ခမ်းပါးလေးကို ထိကပ်လိုက်သည်။...
ထိုအနမ်းခန်းကို တစ်ဖက်ကုတင်ပေါ်က ကောင်လေးက သေချာမြင်လိုက်ပါသည်။....ထိုကောင်လေးမြင်လိုက်ကြောင်းကိုလည်း အနမ်းခံလိုက်ရတဲ့ကောင်လေးက သိလိုက်တယ်။..
'မင်းစတဲ့ ဇာတ်လမ်းပဲ အားလျှို ဒါပေမယ့် မင်းကဇာတ်လိုက်မဟုတ်သလို ငါကလည်း ဗီလိန်မဟုတ်ဘူး'
ရိပေါ်ရှောင်းကျန့်ကိုယ်လေးကို ခါးကနေဆွဲကာပေါင်ပေါ်တင်လိုက်ပြီး အနမ်းတွေကိုပိုမိုသိပ်သည်းလိုက်သည်။...
"အဟမ်း အဟွတ်"
တစ်ဖက်ကုတင်က ချောင်းဟန့်သံကြားမှ ရှောင်းကျန့်က ကိုယ်ကိုအမြန်ခွာကာ..
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...