Ugly Boy But Handsome Man

13.2K 1.2K 30
                                    

ညကအိမ်မက်ကောင်းလို့လား မသိဘူး ရှောင်းကျန့် ဒီနေ့မနက်မှာ လန်းလန်းဆန်းဆန်းနိုးထလာခဲ့တယ်..

ညကလေ အိမ်မက်ထဲမှာ ရိပေါ်ကသူ့နှုတ်ခမ်းလေးကို ပြွတ်ခနဲ နမ်းသွားတာ ဟိဟိ..

ဒါမျိုးအိမ်မက် နေ့တိုင်းမက် ..ဘုရားရေ ရှောင်းကျန့် မင်းဘာတွေတွေးနေတာလဲ..

"အားကျန့်ရေ နိုးပြီလား ထတော့လေ သားမားမားကို ဆိုင်ကူခင်းပေးလိုက်အုံး တီဖေး ဈေးသွားလိုက်အုံးမယ်.."

"ဟုတ် လာပြီ တီဖေးရေ.."

မျက်နှာသစ်သွားတိုက်အမှုကို အမြန်ပြုပြီး မားကိုဆိုင်ဝိုင်းခင်းပေးနေသည်။..

ဆိုင်တံခါးကိုဖွင့်ရင်း ခုံတွေနေရာချနေတုန်း ဆိုင်ရှေ့မှာလာရပ်တဲ့ စက်ဘီးတစ်စီး..

"ဆိုင်ဖွင့်ပြီလား "

"ဟုတ် ခနနေရင်ရပါပြီဗျ ဘာမှာချင်..အဲ အဲ .. ချန်းမင်.."

"ဟင် ဝက်ရုပ်ဆိုး ဒါမင်းတို့ဆိုင်လား.. "

ရှောင်းကျန့် ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ တော်သေးသည် မားမားကမရှိ အိမ်ထဲမှာပစ္စည်းတွေသွားယူနေတာမို့..

သူအခုလိုအနိုင်ကျင့်ခံရတာတွေ မားမားကို မသိစေချင်ပါ သိသွားရင် အတော်လေးစိတ်မကောင်းဖြစ်နေမှာပင်..

"အင်း..ဟုတ်တယ် ..မင်းက ဘယ်ကနေဘယ်လို.."

"လမ်းထိပ်က တိုက်က ငါ့အဖွားအိမ်...မထင်ရဘူးနော် ရုပ်ဆိုးကောင်တို့အိမ်က စွပ်ပြုတ်တွေက အရသာရှိသားပဲ..နောက်ဆို မင်းထမင်းချို င့် ငါယူစားရမယ်.."

"အသံကိုတိုးတိုးပြောပါလား ချန်းမင်ရယ် မားမားကြားသွားရင် စိတ်မကောင်းဖြစ်နေမှာစိုးလို့.."

"ကောင်းပြီလေ မင်းဒီနေ့ ထမင်းများများထည့်ခဲ့ ငါယူစားမလို့.. အခုငါ့ကြာ ကြာစွယ်စွပ်ပြုတ်နဲ့ ဖက်ထုပ်ပေါင်းပေး.."

"အင်း ခနစောင့်နော်.."

ချန်းမင်ထွက်သွားမှ ရှောင်းကျန့်သက်ပြင်းချမိသည်။..သူ့ဘဝကလည်း မလွယ်ကူလိုက်တာနော်..စုပ်လည်းဆူး စားလည်းရူးရုံပဲ..မိဘကိုလည်းပြန်မပြောပြနိုင် ကိုယ်တိုင်လည်းမပယ်ရှားနိုင်..

Ugly Boy But Handsome Man (Completed) Tempat cerita menjadi hidup. Temukan sekarang