ဆောင်းရာသီရဲ့ မနက်ခင်းက မြူ တွေရစ်သိုင်းပြီး သိပ် ကဗျာဆန်တယ်။
အေးစိမ့်စိမ့်ရာသီဥတုနဲ့ ဆောင်းရာသီ ပတ်ဝန်းကျင်ကသိပ်လှတယ်..
ရှောင်းကျန့်က အနွေးထည်အိပ်ကပ်လေးထဲ လက်ထည့်ထားပြီး ကျောင်းဝင်းထဲကို ခပ်သွက်သွက် လှမ်းလာတယ်။
ဘုတ်...
အင့်...
အနောက်ကနေဝင်တိုက်လိုက်တာကြောင့် ရှောင်းကျန့် အရှိန်မထိန်းနိုင်ပဲ ပစ်လဲကျသည်။
"ဟေ့ကောင်တွေကြည့်စမ်း ဝက်တစ်ကောင် လမ်းပေါ်မှာလဲကျနေပြီ "
ဘယ်သူလဲဆိုတာ ပြေးကြည့်စရာတာမလိုအောင် ချန်းမင်တို့အဖွဲ့တွေပဲ..
ရှောင်းကျန့်က လက်ကိုထောက်လိုက်တာမို့ လက်ဖဝါးဖောင်းဖောင်းလေးတွေမှာ ပြဲကွဲနေကာ သွေးလေးတွေပင်စို့နေလေရဲ့..
အသားနာတော့ လူကမျက်ရည်ဝိုင်းနေလေပြီ
"ထနိုင်လား အားကျန့်လေး ကိုယ်ထူပေးမယ် လာ"
ရင်ထဲထိနွေးစေမယ့် အသံပိုင်ရှင်လေးက ရှောင်းကျန့်ထိခိုက်မိတဲ့အချိန်တိုင်း ရောက်လာတတ်တယ်....အခုဆို ရှောင်းကျန့်က သူအန္တရာယ်ရှိတိုင်း ရိပေါ်ရောက်လာဖို့ ဆုတောင်းတတ်နေပြီ..
"အားရိုး မငိုရဘူးလေ ဝက်ပေါက်လေးရဲ့ နာနေတာလား လာထ ကိုယ်ဆေးထည့်ပေးမယ် "
"ကျန့်ကျန့်ကိုလေ သူတို့တမင်ဝင်တိုက်တာ သိလား အင့်"
"အဲ့မကောင်းတဲ့အကောင်ကို ကိုယ်ပြန်ဆုံးမပေးမယ်နော် လာ ဆေးသွားထည့်ရအောင်"
ကျောင်းဆေးခန်းမှာ ရိပေါ်ကသူ့လက်ကဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျ ဆေးထည့်ပေးခဲ့တယ်
ဆေးကစပ်လို့ သူအော်တဲ့အခါတိုင်း လေလေးဖွဖွလေးမှုတ်ပေးပြီး' အုံဖွ အုံဖွ မနာတော့ဘူး ' ဆိုပြီးချော့တတ်တယ်
အနိုင်ကျင့်ခံနေကျ ရှောင်းကျန့်က အရင်ကဆို သူ့ဘာသာအားတင်းဖြေသိမ့်နေတတ်ပေမဲ့ အခုဆို ရိပေါ်ကို အားကိုးတတ်လာတယ်
ရိပေါ်သာသူ့အနားရှိရင် အရာရာလုံခြုံနေပြီလို့ ခံစားရတယ်
ESTÁS LEYENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...