ကျောင်းကစီစဥ်ပေးတဲ့ ဆောင်းရာသီ Tripလေးမှာ ရိပေါ်ရော ရှောင်းကျန့်ရော လိုက်ပါခဲ့တယ်....
နှစ်တိုင်းအဖော်မဲ့နေတဲ့ ရှောင်းကျန့်ကတော့ ယခုနှစ် ရိပေါ်ပါမှသာလိုက်ခွင့်ရခဲ့သည်။.....
အနွေးထည်နီနီ လက်အိတ်နီနီ ခြေစွပ်နီနီ ဦးထုပ်နီနီနဲ့ စတော်ဘယ်ရီလေးလို ရဲတွတ်နေတဲ့ ရှောင်းကျန့်က အစိမ်းရောင်ကီဝီသီးလေး ရိပေါ်ဆီ တလိမ့်လိမ့်နဲ့ပြေးလာသည်။....
"ရိပေါ် ရာ နောက်ကျလိုက်တာ"
"ကိုယ်က မင်းအတွက် ရိက္ခာတွေ အပြည့်ဖြည့်နေရလို့လေ"
"မင်းကလည်း ငါကအဲ့လောက်အစားမပုပ်ပါဘူး"
ပါးစပ်ကသာပြောနေတာ မျက်လုံးက ရိပေါ်ဆွဲလာတဲ့ အထုတ်တွေဆီ ရောက်နေလေပြီ
ရိပေါ်မှာ မနက်အစောထဲက ဝက်ပုတ်လေးအတွက် သုံးရက်စာ အဆာပြေမုန့်တွေနဲ့လိုအပ်တာတွေကို သိမ်းထုပ်နေရတာကြောင့် ကားထွက်မယ့်နေရာကိုအနည်းငယ်နောက်ကျမှ ရောက်လေသည်။...ကိစ္စတော့မရှိပါ ဆရာတွေက တမင်အချိန်တွေစောခေါ်ခဲ့ခြင့်ကြောင့်ပင်။...
"ကလေးတွေ ကိုယ့်ကားဆီမှာလာပြီး အိတ်တွေထည့်လို့ရပြီနော်"
ဆရာရဲ့အသံကြားတာနဲ့ ရိပေါ်ရော ရှောင်းကျန့်ရော ကားဆီထွက်သွားကြသည်။...
"ယွမ်ယွမ် နင် ရိပေါ်နဲ့အတူထိုင်မှာမလား"
"ဟို ဝက်ရုပ်ဆိုးကောင်ရှိနေတာကို ငါကဘယ်လိုလုပ်ထိုင်ရမှာလဲ"
"သူနဲ့မထိုင်ရရင်တောင် ဘေးခုံတွဲကို ရအောင်ယူကြတာပေါ့ဟာ"
ကားပေါ်ရောက်တာနဲ့ ရိပေါ်တို့နှစ်ယောက်က အနောက်နားမကျတကျဆီက ခုံတွဲကိုယူလိုက်သည်။...
ကားပေါ်မှာစားရမယ့် အဆာပြေမုန့်တွေကို ရိပေါ်က အပေါ်ကတန်းပေါ်တင်လိုက်ပြီး ဝက်ပေါက်လေးကို ပြတင်းပေါက်ဘက်ပို့လိုက်သည်။....
ရိပေါ်တို့ရဲ့ ဘေးခုံတွဲမှာ ယွမ်ယွမ်နဲ့ သူမသူငယ်ချင်းတစ်ယောက်က လာဝင်ထိုင်သည်။...
ကားစထွက်တည်းက ရှောင်းကျန့်က မုန့်တွေကို အဆတ်မပြတ် တသွတ်သွတ်စားလာရင်း ဘယ်လောက်မှမကြာခင် မူးလာတော့သည်။...
ESTÁS LEYENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...