ကျောင်း Activity တစ်ခုကြောင့် ရှောင်းကျန့်တို့အဖွဲ့ ဂျူနီယာတန်းတွေဆီ စည်းရုံးရေးလာဆင်းကြသည်။..
စံပြကျောင်းသားရှောင်းကျန့်အတွက် ဒီလိုနေ့မျိူးဆို ပါမောက္ခထက်ပင်အလုပ်များရသည်။...
ရှောင်းကျန့်ကဆေးဝါးလှူဒါန်းရေး ပရောဂျက်အတွက် လုပ်အားပေးလိုက်ဖို့ အရှေ့ကနေ အားကြိုးမာန်တက် ရှင်းပြနေတယ်။...
ဂျူနီယာလေးတွေက သူတို့ရဲ့စီနီယာအကိုကြီးပေါ် attention တွေအကုန်လုံးပြုံထားနေကြသည်။...
တချက်..သူတို့သတိထားမိတဲ့ အချက်တစ်ခုလည်းရှိနေတယ်။..အဲ့တာက စီနီယာတို့အဖွဲ့ထဲက စီနီယာ့သူငယ်ချင်းဖြစ်ဟန်ရတဲ့ အကိုတစ်ယောက်ကိုပင်။...
စီနီယာ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ငေးမောနေတတ်ပြီး စီနီယာဘာလုပ်လုပ်သူကချည်းဦးအောင် ဝင်ကူညီတတ်တဲ့ အကိုကို သူတို့ အာရုံထားမိလိုက်သည်။...
စီနီယာ့ဘက်ကလည်း မျက်လုံးချင်းဆုံရင် ပြုံးပြတတ်တာကြောင့် တစ်ခုခုတော့ တစ်ခုခုပဲလို့သာတွေးလိုက်မိသည်။...
"ဟဲ့ အဲ့စီနီယာ နှစ်ယောက်က ကြိုက်နေတာလေ"
"ဘာ မဖြစ်နိုင်တာ"
"တကယ်ပါဆို သူတို့ကြိုက်နေတာကြာပြီ လူမြင်ကွင်းမှာသာ သူငယ်ချင်းလိုနေတာ သူတို့ကတစ်ဆောင်တည်းတစ်ခန်းထဲနေတာ စဥ်းစားကြည့်".
"မဖြစ်နိုင်ပါဘူး ငါဟိုနေ့က စီနီယာ့ကို အခြားကောင်လေးတစ်ယောက်နဲ့တွေ့လိုက်တယ်"
"သူငယ်ချင်းနေမှာပေါ့"
"မဖြစ်နိုင်ဘူး စီနီယာ့အကြည့်တွေက စူးရှနေတာပဲ"
"ပေါက်ကရ အဲ့တာသူ့ရည်းစား ဘယ်လိုမှ မဖြစ်နိုင်ဘူး "
"နင်ကရော ဘာသက်သေနဲ့ စီနီယာအကိုနှစ်ယောက်တွဲနေကြောင်း တစ်ခန်းထဲမှာမဟုတ်တာဖြစ်နေတာလိုလို ဘာလို့လျောက်ပြောလဲ ငါပြောတာကြမဖြစ်နိူင်ဘူးတဲ့လား နင်ကဘာဖြစ်ချင်နေတာလဲ"
"ငါက သေချာသိလို့ ပြောပြတာ မယုံတာတော့ မတတ်နိုင်ဘူး"
"အေး ငါ့မျက်စိရှေ့မှာ မနမ်းပြသရွေ့ စီနီယာပါးစပ်က ထုတ်မပြောသရွေ့ ငါကတော့ ငါတွေ့ခဲ့တဲ့တစ်ယောက်နဲ့ပဲ shipမှာ နင့်စီနီယာအကိုထက် အပုံကြီးချောတယ် "
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...