ရိပေါ် ရှောင်းကျန့်နဲ့တစ်နေကုန် dateပြီးတော့ ညနေစောင်းမှ အိမ်ပြန်လာသည်။
ဧည့်ခန်းမှာ မာမီရောဒယ်ဒီရော ရှိနေသေးသည်။"ပြန်ရောက်ပါပြီ"
"ပြန်ရောက်ရင်လာထိုင်အုံး"
မာမီကဆိုလေတယ်။
ရိပေါ်လည်း ဆိုဖာမှာဝင်ထိုင်လိုက်တယ်။"ဒီနေ့ မင်းလုပ်ရပ်ကအတော်လေးစိတ်ပျက်ဖို့ကောင်းတယ် ဝမ်ရိပေါ် မာမီ ရှင်းအာကိုဘယ်လောက်အားနာခဲ့ရလဲ"
"ကျွန်တော်လုပ်ခဲ့တာက မာမီကိုလိမ်ခဲ့တာကလွဲလို့ ဘာမှမရှိခဲ့ဘူး သူ့ကိုလည်းအစတည်းကမလာဘူးလို့ပြောခဲ့ပြီးသား"
"အဲ့တာကို မာမီမသိဘူး သားကသွားမယ်ထင်ပြီး သူ့ကိုမျှော်လင့်ချက်တွေပေးနေခဲ့တာ"
"သိပြီးသားကို စိတ်ကူးယဥ်နေတာသူ့အပြစ်လေ ကျွန်တော့်အကြောင်းကိုပြောပြီသားဘဲ"
"ဒါဆို မာမီ့ကိုဘာလို့လိမ်ခဲ့တာလဲ အမှန်တိုင်းပြောရင်မာမီကမင်းကိုသွားခွင့်မပြုမှာစိုးလို့လား"
"မာမီ အဲ့လိုမလုပ်နိုင်ပါဘူး"
"သိနေလည်း အစတည်းကအမှန်တိုင်းပြောခဲ့ပါလား အဲ့လိုဆိုရင် ရှင်းအာကိုဒီလောက်အားနာစရာမလိုဘူးလေ"
"အဲ့တာကြောင့် သားအပြစ်ကမာမီ့ကိုလိမ်ခဲ့ရုံပါပဲဆို"
"ဝမ်ရိပေါ်"
"ကဲ တော်တော့ သားအမိတွေ မိန်းမမင်းသားအကြောင်းကိုမသိဘူးလား စကားကိုဝေ့လည်ကြောင်ပတ်လုပ်တဲ့နေရာမှာ သူ့လောက်တော်တာမရှိဘူး ဆက်ပြောလည်းလိုရင်းရောက်မှာမဟုတ်ဘူး ပြီးတာလည်းပြီးသွားပြီ"
"ဒယ်ဒီ အတော်ဆုံး"
ရိပေါ်ကလက်မနှစ်ချောင်းထောင်ပြသည်။
ထို့နောက်အပေါ်တက်ရန်ပြင်သည်။"နေအုံး"
"ပြောစရာကျန်သေးလို့လား မာမီ"
"မင်းကောင်လေးကို အိမ်ခေါ်လာခဲ့ပြီး တရားဝ်မိတ်ဆက်တော့လေ"
"ဟမ် အခုလား"
"တတ်နိုင်သလောက်အမြန်ဆုံးပေါ့ မင်းတို့တွဲတာဒီလောက်ကြာနေပြီ အပြင်မှာတစ်ခါမှမတွေ့ဖူးသေးဘူး အခုလို ရုတ်တရက်တွေ့လိုက်ရတော့ အတော်လေး ကဂျိုးကကြောင်နိုင်တယ်"
VOCÊ ESTÁ LENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...