မနက်မိုးလင်းတာနဲ့ ရိပေါ်တို့ကုတင်ပေါ်ကို အလုအယက်ပြေးတက်လာကြတာတဲ့ အမွှေးလုံးလေး သုံးကောင်။ ရိပေါ်ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေး အိပ်ပျော်နေတဲ့ရှောင်းကျန့်တစ်ယောက် ရုတ်တရက်ကြီး အဖယ်ခံလိုက်ရကာ စောင်နှင့်အတူ အထုပ်လိုက်လေးကုတင်ထောင့်စွန်းသို့ ရွေ့သွားသည်။
အိပ်ချင်မူးတူးနှင့် မျက်လုံးမပွင့်ခင် ရင်ဘက်ပေါ်သို့ကျရောက်လာတဲ့ ဝိတ်လေးတစ်ခု။
"ပါးပါး ထထ ဗိုက်ချာ"
ဗိုက်ပေါ်ကိုဖင်နဲ့ပေါက်ရင်း တဆာဆာအော်နေတဲ့ ရှောင်းရှောင်လေးကြောင့် ရှောင်းကျန့်ထိုဝက်ပေါက်ကို ချီကာ ထထိုင်လိုက်ရတော့သည်။
ရိပေါ်ဘက်မှာလည်းအခြေနေကမကောင်းလှ ရှောင်းမင်နဲ့ရှောင်းရန်က ရိပေါ်အပေါ်အလုအယက်တက်နေကြသည်။
"ငြိမ်ငြိမ်နေလေ ကလေးတွေရဲ့ဒယ်ဒီပြုတ်ကျတော့မယ်"
"လာကွာ ဒယ်ဒီ အမွှေးလုံးလေးတွေမိရင်ကိုက်ပစ်မယ်"
ရိပေါ်ကနံဘေးမှ ရှောင်းကျန့်တို့သားအဖကိုပါ လှမ်းဖက်ကာ ကလေးတွေရဲ့ဗိုက်ကို အတင်းနမ်းရှုံ့တော့ အယားမခံနိုင်သည့်ကလေးတွေက အော်တော့သည်။
မိသားစုတွေအိပ်ယာထခါနီး အချစ်နာလန်ထခဲ့မိခြင်းကြောင့် အပြင်ထွက်ရန်ပြင်ထားသည့်အချိန်ထက် တစ်နာရီခန့်ပင်နောက်ကျနေလေပြီ။
အကုန်လုံးပြင်ဆင်ပြီးသွားတော့ သူတို့မိသားစု မြို့လယ်ခေါင်က နာမည်ကြီးစျေးထဲသို့အလည်ထွက်ခဲ့ကြသည်။
ကျိလင်မြို့ကအကြီးကြီးမဟုတ်သောကြောင့် ထိုစျေးက မြို့၏မြို့မစျေးဟုပင်ခေါ်၍ရသည်။
ပုံမှန်စျေးများထက် နှစ်ဆသုံးဆခန့်ကြီးမားက သန့်ရှင်းသပ်ရပ်ပြီး အစုံအလင်ရှိလှသည်။အရင်ဦးဆုံး သူတို့တွေမနက်စာအတွက် ဆိုင်တစ်ဆိုင်သို့အရင်ဝင်လိုက်ကြတယ်။
အမွှာလေးတွေက မနက်စာဆို ဆန်ပြုတ်ပူပူလေးသောက်ရတာ သဘောကျကြသည်။ ဒါကြောင့် သူတို့ ငါးဆန်ပြုတ်ဆိုင်လေးကို ရွေးချယ်လိုက်ကြသည်။ ဒီဆိုင်မှာ ငါးနဲ့ပတ်သက်တဲ့ဟင်းအမယ်များစွာရှိသည်။
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...