ရှောင်းကျန့်တို့ရဲ့ဆေးကျောင်းသားတွေပါဝင်တဲ့ ပရဟိတ ဆေးကုသရေးခရီးစဥ်ကသုံးရက်အကြာမှာပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။..
ရွာလေးကနေထွက်ခွာလာတဲ့ကားလေးပေါ်မှာတော့အလာတုန်းကထပ်လေးလံလျက်ရှိတယ်။..
ရွာမှာထွက်သမျှသီးနှံတွေကိုထည့်ပေးလိုက်ကြပြီး ရိုးရာလက်လုပ်မုန့်တွေလည်း အများကြီးပါလာသည်။..
အပြန်ခရီးစဥ်အနေနဲ့ သူတို့လမ်းကြုံတဲ့ရေတံခွန်ငယ်လေးဆီကိုဝင်လာကြသည်။....
ကျောင်းသားလူငယ်တွေချည်းပဲမို့ ဒီခရီးကပျော်စရာကောင်းမှာဧကန်ပင်။...
ခပ်နွေးနွေးရာသီဥတုနဲ့ ကျောက်ဆောင်အဆင့်ဆင့်ပေါ်ကနေဖြတ်သန်းစီးဆင်းလာတဲ့ ရေအေးအေးက လုံးဝကိုလိုက်ဖက်လွန်းလှသည်။...
ကျောင်းသားတွေကတော့ကားပေါ်ကဆင်းတာနဲ့ အဝတ်ချွတ်ကာရေးထဲပြေးဆင်းကြတော့သည်။...
မိန်းကလေးတွေကတော့ ကျောက်ဆောင်လေးတွေပေါ်ထိုင် ခြေလေးချကာ ဇိမ်ယူနေကြသည်။..
"အာ ချိုးချင်တယ်လို့ ရိပေါ်ကလည်း"
"ရေကနက်တယ်လေ လူကဖြင့်ရေမကူးတတ်ဘဲ"
"ငါရေတိမ်လေးမှာပဲ ဆော့မှာပါကွာ"
"အဲ့နားမှာမိန်းကလေးတွေနဲ့လေ"
"ဂရုမစိုက်ဘူးကွာ ပြီးတော့ မင်းရေနက်ပိုင်းမှာ ငါ့ကိုထိန်းပေးလည်းရတယ်လေ"
"ကျောက်ဆောင်တွေကြားမှာ ထိန်းရတာလွယ်မလား အောက်ကြမ်းပြင်ကမညီဘူး နှစ်ယောက်လုံးပလုံနေမှဖြင့်"
"မသိဘူးကွာ ငါကတော့ ချိုးမှာပဲ မင်းမလိုက်ရင် ငါတစ်ယောက်တည်းသွားချိုးမှာ နစ်နစ် မနစ်နစ်"
"ကျန့်ကျန့် အရမ်းဆိုးနေတယ်နော် ကိုယ်ကအန္တရာယ်ရှိလို့ပြောနေတာလေ"
"အဲ့တာကြောင့် မင်းရှိနေပေးလေ မင်းသာရှိနေရင် ငါကအမြဲအန္တရာယ်ကင်းနေမှာ"
"ကိုယ်ကစွမ်းအားရှင်ကြီးလား"
"မဟုတ်ဘူး ငါ့တစ်ယောက်တည်းအတွက် နတ်ဘုရား"
BINABASA MO ANG
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...