Ugly Boy But Handsome Man

10.7K 910 38
                                    

စားပြီးသောက်ပြီးတဲ့နောက်တော့ မိုးလင်းနေပြီမို့ စောစောကထက် ကလေးတွေအုပ်ကပိုဆူညံနေလေပြီ...

တစ်ကားလုံးက တူညီတဲ့ ဂိမ်းတစ်ခုကိုသာ ကစားဖို့ ဆုံးဖြတ်လိုက်ကြပြီး တစ်ယောက်စီကို ကိုယ်ပိုင်နံပါတ်လေးတွေမဲနှိုက်ခိုင်းလိုက်သည်။....

ရိပေါ်က 17
ရှောင်းကျန့် ကတော့ 9

သူတို့ကစားရမယ့်ကစားနည်းတွေကိုရေးပြီး မဲအိတ်ထဲထည့်ထားလိုက်သည်။...

ရှောင်းကျန့်က အရင်ဆုံသ ဂဏန်းထည့်ထားတဲ့အိတ်ကို နှိုက်လိုက်ပြီး ရိပေါ်ကတော့ ဂိမ်းကစားရမည့်အိတ်ကိုနှိုက်လိုက်သည်။..

"32 နဲ့ 4ပါ"

"လုပ်ရမှာက 15စက္ကန့်ဖက်ထားရမှာဖြစ်ပြီး selcaတစ်ပုံတွဲရိုက်ရမှာဖြစ်ပါတယ်..."

ဖြူဖြူဖွေးဖွေး ကောင်မလေးနဲ့ အညိုစင်ကောင်လေးတို့က ထိုင်နေရာကနေ ထလာပြီး ရှက်ကိုးရှက်ကန်းနဲ့ဖက်ထားလိုက်ကြသည်။...

"Wow"

အချင်းချင်း မြောက်ပေးပြီးစနေကြတဲ့ ကလေးတွေကြား ရှောင်းကျန့်ကလည်း ပျော်ပျော်ကြီးအားပေးနေတယ်။....

"နောက် တစ်တွဲ"

"အဟမ်း 16 နဲ့ 3"

"ကစားရမယ့် ကစားနည်းက နှာခေါင်းချင်းထိပြီး မျက်လုံးချင်းဆုံအောင် 1မိနစ်ကြည့်ရပါမယ်"

"ဟေးးးးး"

ကလေးတွေက ထအော်ပြီးနောက် အားလျှိုက မတ်တပ်ထရပ်လိုက်သည်။...

"ငါက 16"

"ဒါဆို 3ကဘယ်သူလဲ"

"ဟို ဟို ကျွန်တော်ပါ "

အားလျှိုဘေးမှာ ထိုင်နေတဲ့ အသေးလေးဆီက အသံဖြစ်သည်။...

အသေးလေးက ရှက်နေပုံရပြီး အားလျှိုကတော့ထိုကောင်လေးကို အသည်းယားနေပုံရသည်။...

ရုတ်တရက် အားလျှိုက ထိုအသေးလေးကိုခါးကနေဆွဲဖက်ပြီး မျက်နှာချင်းထိကပ်လိုက်သည်။..နှာဖျားချင်းထိကပ်သွားပြီး မျက်လုံးကအကြည့်ချင်း ခလုတ်တိုက်မိတော့ အားလုံးကအသည်းယားနေသလို အသံတွေထွက်လာကြတော့သည်။...

Ugly Boy But Handsome Man (Completed) Tahanan ng mga kuwento. Tumuklas ngayon