Ugly Boy But Handsome Man

9.3K 749 7
                                    

ငါးနှစ်ခန့်ကြာသောအခါ

ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်..လူတွေပျားပန်းခတ်မျှ စည်ကားနေကြသည်။

Morning Captain Wang"

"Morning"

ရိပါ်တစ်ယောက် အရောင်စုံဝတ်ဆင်ခြယ်သထားတဲ့ လေယာဥ်မယ်လေးများရဲ့ နှုတ်ဆက်သံတွေကို တစ်ယောက်မကျန်ခွန်းတုံ့ပြန်နေရတယ်။

"Captain Wangပြန်တော့မှာလား"

"ပြန်ရတော့မှာပေါ့ဗျာ"

"အိမ်ကိုလား ဆေးရုံကိုလား"

"ဆေးရုံမှာအားဆေးသွင်းပြီးအိမ်ပြန်အိပ်ရမှာပေါ့"

"ဟားးးး ကောင်းပါ့ဗျာ Captain Wangတို့များ အားဆေးပေးမယ့် ဆရာဝန်လေးကိုရထားတော့"

"ဟားးး"

စကားမစပ် သူနဲ့ရှောင်းကျန့်ကလွန်ခဲ့တဲ့သုံးနှစ်ကပဲလက်ထပ်ခဲ့ပြီး အိမ်ထောင်ရှင်ဘဝကို့ဖြတ်သန်းနေကြပြီလေ။

နှစ်ဖက်မိဘသဘောတူတွေ့ဆုံကြပြီး သူတို့ရဲ့လက်ထပ်ပွဲလေးကို ပကာသနမပါဘဲ ဘုရားကျောင်းမှာ အကျဥ်းချုံးလုပ်ခဲ့ကြသည်။
ရိပေါ်က ဝမ်ပါးပါးဆီကနေ ပိုက်ဆံချေးပြီး သူတို့မဂ်လာဦးနေအိမ်ကိုဝယ်လိုက်တယ်။

မိဘတွေကလက်ဖွဲ့ပေးပေမယ့် ရိပေါ်ကသဘောမတူပါ။ သူများသားကိုယူပြီးရင် ကိုယ်တိုင်တော့လုပ်ကျွေးသင့်တယ်ဆိုပြီး သူအလုပ်ရမှထိုပိုက်ဆံတွေကိုပြန်ဆပ်သည်။

ရိပေါ်က လုပ်ငန်းခွင်ဝင်ရင်းအိမ်ထောင့်တာဝန်တွေကိုဦးစီးသလို ရှောင်းကျန့်ကလည်း ဆေးရုံတစ်ဖက်အိမ်တစ်ဖက်မနားမနေပင်။ နောက်ပိုင်းနှစ်ယောက်လုံးအလုပ်မှာအသားကျလာပြီးမှ အတော်လေးတာဝန်ပေါ့သွားခဲ့ကြသည်။

ရိပေါ် အတွေးတွေကိုခါထုတ်လိုက်ပြီး ကားပါကင်ရှိရာဆီသို့သွားလိုက်လေသည်။
ရိပေါ် Luggage ကိုနောက်ခန်းထဲထည့်ပြီးကားလေးကိုအချစ်ရှိရာ ဆေးရုံဆီဦးတည်လိုက်သည်။

ဝမ်ရိပေါ်အကျီပင်မလဲရသေးဘဲ ဆေးရုံထဲပြေးဝင်သွားသည်။
ရိပေါ်ဝင်လာတာမြင်တာနဲ့ ဆရာဝန် နာစ့်မ လူနာတွေပါမကျန် လိုက်ကြည့်ကြသည်။ လေယာဥ်မှူးဝတ်စုံနဲ့ရိပေါ်က မနက်ခင်းမှာတက်ကြွလန်းဆန်းတဲ့ လေပြည်ကိုယူဆောင်လာပေးတယ်လေ။ ချောမောခန့်ညားတဲ့အမျိုးသားကို မနက်ခင်းစောစောမြင်လိုက့ရစေခြင်းကကျက်သရေရှိသွားစေသည်။

Ugly Boy But Handsome Man (Completed) Donde viven las historias. Descúbrelo ahora