မနက်မိုးလင်းတော့ အရာအားလုံးကသူမဟုတ်တဲ့အတိုင်း နေရောင်နွေးနွေးက ဖြာကျနေပြီးထိုတောင်ကုန်းပေါ်ကနေ ရွာပတ်ဝန်းကျင်ကိုမြင်နေရသည်။....
ဆေးအဖွဲ့မှာ အကုန်လုံးကာမျက်ကွင်းဟောက်ပက်နှင့် ကြောင်ကြားကြားရုပ်လေးတွေနှင့် မျက်နှာသစ်နေကြသည်။..မိန်းကလေးအဖွဲ့မှာလည်း အလှပြင်ဖို့နေနေသာသာ ခေါင်းတောင်မဖြီးနိုင်တော့ပေ။..
ဒီဖြစ်ရပ်က နောင်ဆရာဝန်ဖြစ်လာမည့်သူတို့အတွက်တော့ ပြောစမှတ်တွင်စရာတစ်ခု ဖြစ်လာလောက်ပေမည်။..
ဆရာဝန်တစ်ယောက်ဖြစ်လာရင် သရဲတော့အခြောက်ခံဖူးရမှာပေါ့်....ရိပေါ် မျက်နှာသစ်နေတဲ့ ရှောင်းကျန့်ရဲ့ဘေးမှာ သဘက်ကလေးပခုံးပေါ်တင်လို့စောင့်နေတယ်။..
ရှောင်းကျန့် ညက ခြေထောက်နှစ်ဖက်ကိုမြင်ပြီးကတည်းက ရိပေါ်ရဲ့ရင်ခွင်ထဲက ထွက်မလာတော့ပေ။...ရိပေါ်လည်းကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ ခြောက်ခြားစရာခံစားမှုတွေကြောင့် တော်ရုံနဲ့အိပ်မပျော်ပေ။...
"လန်းသွားပြီလား ကျန့်ကျန့် "
"အင်း အဆင်ပြေသွားပါပြီ နားထဲမှာ ဒေါက်ဖိနပ်သံကြားနေရတာကလွဲလို့"
"ဟားဟား နောက်နေ့ ဒီမှာ အိပ်စရာမလိုတော့ပါဘူးကွာ"
ရိပေါ်ကရှောင်းကျန့်ရဲ့သစ်ပြီးခါစ မျက်နှာနုနုကို သဘက်လေးနဲ့ဖွဖွလေးသုတ်ပေးလိုက်သည်။..
ဒီချိန်မှာ သူတို့အတွဲကိုအာရုံရနေတဲ့သူ ဘယ်သူမှမရှိ အကုန်လုံးရဲ့အာရုံကညကသရဲတွေဆီမှာသာ...ရှောင်းကျန့်ရဲ့ဘေးနေရာကို အားလျှိုကလာရပ်သည်။...သူ့နောက်မှာတော့ သူ့အကျီကဆွဲပြီးကပ်ပါလာတဲ့ အသေးလေး...
အသေးလေးက အတော်ကြောက်နေပုံရပြီး အားလျှိုကိုမလွတ်တမ်းဆွဲကာ ဟိုကြည့်ဒီကြည့်နှင့်။..
"ရှောင်းကျန့် အိပ်ပျော်ရဲ့လား"
"အင်း ရိပေါ်ရှိလို့တော့သေးတယ် ငါ့မှာ ခြေနှစ်ချောင်းမြင်ပြီူ လန့်သွားလိုက်ရတာ"
ခြေနှစ်ချောင်းဆိုတဲ့ အသံကြားတော့ အသေးလေးက အားလျှိုကိုကပ်တွယ်လာတော့သည်။..
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...