"ဗျို့ ဆရာဝန်လေးတို့ရေ ကျွန်တော့်မိန်းမ ကလေးမွေးချင်နေလို့ ကူညီပေးကြပါအုံး"
အလောတကြီးနဲ့ ဆေးကုသရာကို ရောက်လာတဲ့အမျိုးသားကြောင့် ဆရာဝန်ကြီးတွေက အကျိုးကြောင်းသေချာမေးရသည်။...
သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ယောက်ပါလာပေမယ့် သူတစ်ယောက်တည်းအဆင်မပြေတာကြောင့် အကူအနေနဲ့ စီနီယာကျောင်းသားဖြစ်တဲ့ ရှောင်းကျန့်နဲ့ အားလျှိုကလိုက်ရသည်။...
ညနေစောင်းဖြစ်နေသည့်အတွက် တစ်ဖက်ရွာသို့ ကလေးသွားမွေးပြီးလျှင် ဒီကိုပြန်လာရန်မဖြစ်နိုင်တော့။...
ဒါကြောင့် ရိပေါ်ကလည်း ရှောင်းကျန့်နဲ့အတူလိုက်ရန်ပြင်တော့သည်။...ချောင်ရန်းကလည်း အားလျှိုသာလိုက်သွားရင် တစ်ယောက်တည်းငိုင်နေမယ့် သူ့အဖြစ်ကိုသိနေသလို မျက်နှာငယ်လေးနှင့်။...
အားလျှိုအသေးလေးကိုကြည့်လိုက်တော့ သူ့ကိုခေါ်စေချင်တဲ့ မျက်ဝန်းတောက်တောက်လေးတွေကြောင့် သက်ပြင်းအသာချလိုက်သည်။...
"လိုက်ခဲ့မလား ရှောင်ရန်း"
"တကယ် လိုက်ခဲ့လို့ရလား စီနီယာ"
"အင်း"
အားလျှိုကလိုက်ခွင့်ပြုတော့ ချောင်ရန်းကသူ့အိတ်လေးအသည်းသန်ဆွဲလို့ ပြေးလာသည်။..
ပစ္စည်းအစုံလင်ယူပြီးတော့ လာခေါ်တဲ့ထော်လာဂျီလေးပေါ် ငါးယောက်သားတက်လိုက်သည်။....
စိုက်ခင်းတွေပတ်လည်ရှိနေတဲ့ ရွာလမ်းလေးပေါ်မှာ ဖြတ်မောင်းလာသည့်ထော်လာဂျီလေးပေါ် တောပန်းရနံ့လေးသင်းနေတဲ့လေထုက တိုက်ခတ်လာသည်။....
စိုက်ခင်းတွေကိုကြည့်ရင်း သဘောကျနေတဲ့ အသေးလေးကို အားလျှိုကငေးကြည့်နေခဲ့သလို...
သာယာတဲ့ရာသီဥတု လှပတဲ့နောက်ခံရှုခင်းတွေကြား အချစ်ငှက်နှစ်ကောင်ကလည်း အကြည့်ချင်းဆုံ ရင်တွေခုန်လျက်။...တစ်ဖက်ရွာကိုရောက်တော့ မီးနေသည်အမျိုးသမီးက ရေမွှာပင်ပေါက်နေလေပြီ။...
သားဖွားမီးယပ်ဆရာဝန်ကြီးနဲ့အတူ ရှောင်းကျန့် ရယ် အားလျိုရယ်က အခန်းထဲဝင်သွားကြသည်။...
ESTÁS LEYENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...