ရိပေါ် ညတုန်းကအိပ်ရေးပျက်ရသည်။ ဘာလို့လဲဆိုတော့ ရှောင်းကျန့် ဖျားနေလို့ပင်။
တစ်ညလုံးဂျီကျနေတဲ့ ကျန့်ကျန့်ကိုချော့လိုက် ရေပတ်တိုက်ပေးလိုက်နဲ့ သူတစ်ညလုံးမအိပ်ရသေးပေ။မနက်မိုးလင်းခါနီးမှအဖျားကျပြီး ရှောင်းကျန့်ကအိပ်ပျော်သွားသည်။
ရိပေါ် ကုတင်ဘေးကဖုန်းကိုယူပြီး ရှောင်းကျန့်အတွက် ခွင့်ယူပေးလိုက်သည်။
နောက်တော့ သူ့မန်နေဂျာဆီဖုန်းဆက်ပြီး သူလည်းဒီနေ့ရုံးမတက်နိုင်ကြောင်းအကြောင်းကြားပြီး တစ်နေ့တာတာဂန်တွေကိုစီစဥ်ပေးလိုက်သည်။
အရင်တစ်ခါကိစ္စဖြစ်ပြီးတည်းက ရိပေါ်လေယာဥ်မှုးအလုပ်ကထွက်လိုက်ရပြီး ဒယ်ဒီ့ရဲ့အလုပ်တွေကို ဦးစီးနေရလေပြီ။နောက်တော့ရေမိုးချိုးလိုက်ပြီး ရှောင်းကျန့်အတွက် မနက်စာပြင်ပေးဖို့လုပ်သည်။
ကြက်သားဆန်ပြုတ်လေးထဲကို ကြက်သွန်မြိတ်လေးပါးပါးလှီးထည့် မုန်လာဥနီလေးကိုသေးနိုင်သမျှသေးအောင်တုံးထည့်ပြီး ငရုတ်ကောင်းလေးနည်းနည်းဖြူးလိုက်သည်။ဆန်ပြုတ်အိုးလေးကျက်တုန်း အပေါ်ထပ်ဆီက အသံလေးကြားလိုက်ရသည်။
"ဟင့် ရိပေါ် အင့် ဘယ်မှာလဲ ဟင့်"
အသံသေးသေးလေးရဲ့ ဂျီကျမှုကြောင့် ရှောင်းကျန့် အပေါ်ကိုပြေးတက်သွားသည်။
"ကိုယ်လာပြီ ကိုယ်ရှိတယ်လေ ကလေးလေးရဲ့"
ကုတင်ပေါ်ကနေလက်လေးနှစ်ဖက်ဆန့်လို့ ချီခိုင်းနေတဲ့ ကျန့်ကျန့်ကိုရိပေါ်ကောက်ချီလိုက်ပြီး တင်ပါးလေးကနေပင့်မထားလိုက်သည်။ကလေးလုပ်နေတဲ့ ရှောင်းကျန့်ကပုခုံးပေါ်မေးလေးတင်လို့ အီနေသည်။
"ဘယ်သွားနေတာလဲ"
"ကိုယ်က ကျန့်ကျန့်လေးစားဖို့ မနက်စာသွားပြင်ပေးနေတာလေ ကျန့်ကျန့်ရဲ့"
"တစ်ယောက်တည်းထားခဲ့တယ်"
"အယ် ဟုတ်ပါရဲ့ ကလေးလေးတစ်ယောက်တည်းကျန်ခဲ့တာကို ကိုယ်ကမေ့သွားတယ် ကိုယ်တောင်းပန်မယ်နော်"
"မျက်နှာသွားသစ်မယ် "
"အိုကေ သစ်ပေးမယ်ဗျားးး"
STAI LEGGENDO
Ugly Boy But Handsome Man (Completed)
Storie d'amoreဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...