Ugly Boy But Handsome Man

9.1K 821 21
                                    

ဒီနေ့က ရိပေါ်ဘွဲ့ယူတဲ့နေ့လေ။ ရှောင်းကျန့်တို့ဆေးကျောင်းက သာမန်ထက်ပိုကြာတာမို့ သူတို့အတူတူဘွဲ့ယူလို့မရပေ။

ရှောင်းကျန့်က ဒီနေ့ခွင့်တင်ထားပြီး ရိပေါ်ဆီသွားမို့အပီအပြင် ပြင်ဆင်နေတယ်။
အားလျှိုကတော့ ဂနာမငြိမ်တဲ့ရှောင်းကျန့်ကိုမကြည့်ချင်တော့ပေ။ မိုးမလင်းခက်ကတည်းကသူ့မှာဖင်တကြွကြွ။

ရှောင်းကျန့်ပြင်ဆင်ပြီးတော့ ခုနှစ်နာရီခွဲနေလေပြီ။ ဘွဲ့ယူတာက ကိုးနာရီစမှာ ။သူရိပေါ်ကိုလာမခေါ်ခိုင်းထားပေ။ သူအဆောင်ကထွက်လာပြီး ပန်းစည်းမှာထားတဲ့ဆိုင်မှာ ပန်းစည်းဝင်ယူလိုက်တယ်။
ယောကျာ်းလေးနဲ့ပန်းနဲ့မအက်စပ်ပေမယ့် ဘွဲ့ယူတဲ့နေ့မှာပန်းစည်းတော့ပါမှပေါ့။

ရှောင်းကျန့်သူ့လက်ထဲက ပန်းစည်းကိုငုံ့မွှေးလိုက်တယ်။ ဘွဲ့ဝတ်စုံနဲ့ကြည့်ကောင်းနေမယ့် ရိပေါ်ကို သူမြင်ယောင်နေလေပြီ။
ရှောင်းကျန့် တက္ကစီပေါ်ကဆင်းလာတော့ အမျိုးသမီးတစ်ယောက်နဲ့ မတော်တဆတိုက်မိလေသည်။

ထိုမိန်းမကသူ့လက်ထဲကအိတ်ပြုတ်ကျသွားတာကြောင့် ရှောင်းကျန့်ကို မုန်းတီးစွာစိုက်ကြည့်လာတယ်။

"နင် နင် အောက်တန်းစားကောင် ငါ့အိတ်ပေသွားပြီတွေ့လား"

"တောင်းပန်ပါတယ် ကျွန်တော်တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ ကျွန်တော်ပြန်သုတ်ပေးပါ့မယ်"

"ဖယ်စမ်း နင့်လက်ညစ်ပတ်တွေနဲ့ အောက်တန်းစားကောင် နင်ငါနဲ့ထပ်မတွေ့စေနဲ့"

အမျိုးသမီးကခက်ထန်စွာပြောပြီး တက္ကသိုလ်ဝန်းထဲဝင်သွားသည်။ မှန်ပါတယ် ဒီလိုပုဂ္ဂလိကတက္ကသိုလ်မျိုးကို တက်နိုင်တယ်ဆိုတည်းကအထက်တန်းလွှာတွေမလား သူကတော့သူတို့ပြောသလို အောက်တန်းစား ပါပဲပေါ့။
ရှောင်းကျန့် ရင်ထဲကမချိတင်ကဲခံစားမှုကိုဖြေဖျောက်လိုက်တယ်။ ငယ်စဥ်တည်းကဒဏ်ရာတွေက သူဒီအရွယ်ရောက်တဲ့ထိနာနေစေတုန်းပဲ။ အခွင့်ကြုံတိုင်းဒဏ်ရာကသွေးထွက်နေမြဲလေ။
ရှောင်းကျန့် အရေထူနေပါပြီ။စိတ်ကိုတင်းလို့ အထဲဝင်လိုက်တယ်။

Ugly Boy But Handsome Man (Completed) Donde viven las historias. Descúbrelo ahora