ဒီနေ့ ရိပေါ်တစ်ယောက် လက်တွေ့အတွက်အလုပ်ရှုပ်နေတာမို့ ရှောင်းကျန့်ဆီကိုတောင် ဖုန်းမဆက်နိုင်သေးပေ။...
လေယာဥ်စက်ပိုင်းတွေနဲ့ပတ်သက်တဲ့အပိုင်းတွေသင်ကြားရတာကြောင့် ရိပေါ်ကအာရုံစိုက်နေရသည်။...
10ယောက်တစ်ဖွဲ့လုပ်ဆောင်ရတဲ့ လက်တွေ့မှာ ရိပေါ်က ခေါင်းဆောင်ဖြစ်တာကြောင့် တာဝန်ပိုကြီးသည်။...
ဖခင်ပိုင်တဲ့လေကြောင်းလိုင်းမှာဆိုစေကာမူ ရိပေါ်ကတော့ အကောင်းဆုံး အတော်ဆုံး အထက်မြတ်ဆုံး လေယာဥ်မှူးတစ်ယောက်သာဖြစ်ချင်သည်။....
နေ့လည်ထမင်းစားချိန်ကျော်မှပြီးတဲ့ စစ်ဆေးမှုကြောင့် ကျောင်းသားတွေက နွမ်းလျလျ။...
"ရိပေါ် အန်ကယ်ဝမ်က တို့နဲ့အတူ သူ့ဆီနေ့လည်စာ လာစားဖို့ခေါ်ထားတယ်"
နှုတ်ခမ်းနီရဲရဲက အရိုင်းဆန်ဆန်နဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်...
သူမက သူနဲ့မိဘချင်းသဘောတူထားတဲ့သူ...အရင်ကပေါ့...
အခုတော့ ရိပေါ်မှာ ရှောင်းကျန့်တစ်ယောက်ပဲရှိတယ်။."ကျွန်တော်မအားဘူး ကျဲ ကျွန်တော့်ကောင်လေးဆီ သွားရမှာ "
"ရိပေါ် တို့ကိုအကြပ်ကိုင်ရအောင်မလုပ်ပါနဲ့ ခုမလိုက်ရင် တို့နဲ့မင်းကိစ္စကို ငြင်းပေးမှာမဟုတ်ဘူး "
"ကျဲက ဘယ်တုန်းကများ ဒီကိစ္စကိုငြင်းမယ်လို့ စဥ်းစားဖူးလို့လဲ ခြိမ်းခြောက်လို့ကြောက်ရအောင် ကျွန်တော်ကငတုံးမဟုတ်ဘူး တစ်ခုတော့ သတိပေးမယ် ကျွန်တော့်ကောင်လေးကို မထိခိုက်ပါစေနဲ့ သူကိုထိရင် ကျွန်တော်နဲ့ညိမှာ"
"တို့အပေါ်ဒီလောက်ထိ ပြတ်သားမှဖြစ်မှာလား တို့ကမိန်းကလေးပါ"
"မိန်းကလေးဖြစ်လို့ ကျွန်တော်သည်းခံနေတာ မဟုတ်ရင် ဒယ်ဒီ့ဆီကိုကလိမ်ကကျစ်တွေသွားပြောထဲက သူသေကိုယ်သေ ထိုးပစ်လိုက်ပြီ.......
တော်ပြီ ဖြစ်ပြီးတာတွေကို ဒေါသမထွက်ချင်တော့ဘူး နောက်ဆို ကျွန်တော့်ကိစ္စတွေဝင်မပါပါနဲ့"
အစကတော့ ရိပေါ်က နေ့လည်စာဝင်စားပြီးမှ ရှောင်းကျန့်ဆီသွားဖို့ စဥ်းစားခဲ့ပေမယ့် ခုတော့စားချက်စိတ်မရှိတော့တာကြောင့် ကျန့်ကျန့် လေးအတွက် အဆာပြေမုန့်ဝယ်ကာ ထွက်လာခဲ့မိတော့သည်။...

ESTÁS LEYENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...