ဒီနေ့ရှောင်းကျန့်ကျောင်းလည်းပိတ်တယ် ဂျူတီလည်းမရှိဘူး...
ရိပေါ်ကတော့ ဒီနေ့သူနဲ့dateလုပ်မယ်ဆိုပြီးချိန်းထားတယ်။ရှောင်းကျန့်ရိပေါ်ကို အဆောင်ရှေ့မှာစောင့်နေတုန်း ဒီနေ့ဂျူတီကျတဲ့အုပ်စုက ထွက်လာကြတယ်။
"ရှောင်းကျန့် နင်ဘာလုပ်နေတာလဲ"
"ဟမ် ငါလား ရိပေါ်ကိုစောင့်နေတာလေ"
"အော် နင်တို့ဒိတ်ကျမလို့လား"
"အင်း"
ရှောင်းကျန့် စကားကိုရှည်ရှည်ဝေးဝေးမပြောချင်တာကြောင့် လိုရင်းတိုရှင်းပဲပြောနေပေမယ့် သူတို့က ကျေနပ်သေးပုံမရပေ။
"ဒီနေ့ ရှင်းအာကျဲတို့ companyက ဆေးရုံမှာ ဆေးဝါဒါနပွဲရှိတယ် နင်လာခဲ့ပါလား"
"အာ ငါသေချာမပြောနိုင်သေးဘူ ရိပေါ်ကိုမေးရအုံးမှာ"
"အို့ ရိပေါ်ကသဘောတူမှာပါဟ ရှင်းအာကျဲတို့ကုမ္ပဏီပါဆို နာမည်ကြားတာနဲ့တောင် လိုက်လာမှာ"
ဘာကိုရည်ရွယ်ချင်းမှန်းမသိတဲ့ သူတို့စကားကို ရှောင်းကျန့်မတုံ့ပြန်ချင်ပေ။
ဒီတိုင်း နှုတ်ဆိတ်ပြီးသာ ရိပေါ်ကိုဆက်စောင့်နေလိုက်သည်။
ဒါကို သူတို့ကဘယ်လိုနားလည်မှုလွဲသွားလည်း မသိပေ။"ရှင်းအာကျဲကအရမ်းလှတာနော်"
"အေးဟယ် ငါသာယောကျာ်းလေးဆိုအသေလိုက်မှာ"
"ကျဲကျဲက ရိပေါ်လိုပုံစံရှိတဲ့ ကောင်လေးတွေနဲ့လိုက်မှာ"
"ဟုတ်ပါ့"
သူတို့အချင်းချင်းပြောနေတဲ့ စကားတွေကို ရှောင်းကျန့်စိတ်မဝင်စားပေ။ မိထွေးကဘာတွေလာဘ်ထိုးတာလဲ မသိပေမယ့် ဒီလောက်နဲ့တော့ သူတို့ရဲ့အချစ်ရေးကို ကြားဝင်သွေးထိုးလို့မရနိုင်ပေ။
ခဏကြာတော့ သူတို့ရှေ့ကို ကားဖြူတစ်စီးထိုးဂပ်လာပြီး လှပတဲ့အမျိုးသမီးတစ်ယောက်က ဆင်းလာသည်။ သူ့ဘေးမှာ ရှင်းအာကျဲလည်းရှိနေသည်။
"အန်တီဖန်း ဒါက ဒီနေ့ပွဲမှာကူမယ့် ကလေးတွေလေ တစ်ချို့ဆိုဂျူတီမရှိတာတောင် တမင်လာကူတာ"
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...