ပေကျင်းမြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်အတွင်းရှိခမ်းနားထည်ဝါသော အိမ်ကြီးတစ်ခုထဲတွင် ကလေးငယ်လေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေပျံ့လွင့်နေလေသည်။
အသံများရဲ့တည်နေရာကတော့ ရေချိုးခန်းငယ်လေးထဲမှဖြစ်ပေသည်။
ရေချိုးဇလားကြီးအတွင်းမှာ ရုပ်ချင်းဆင်တဲ့ကလေးငယ်လေးသုံးယောက်ရှိနေလေ၏။
ဖြူဖွေးတုတ်နေတဲ့ ကလေးတွေရဲ့ခန္ဓာကိုယ်တစ်ဝက်ဟာ ရေထဲမြုပ်နေပြီး ခေါင်းလုံးလုံးလေးတွေပေါ်မှာ ဆပ်ပြာမြုပ်လေးတွေတင်နေသေးသည်။ရေပေါ်တွင် ဘဲရုပ်လေးတွေကိုတွန်းကာ ကစားရင်း ရေချိုးကန်အပြင်ရှိ အမျိုးသားကိုလည်း ရေနှင့်ပက်ကာစနေလေသည်။
"ဒယ်ဒယ် ခစ်ခစ်"
စကားပြောတတ်စအရွယ်လေးတွေရဲ့ မပီကလာပီကလာအသံလေးတွေကြား ဖအေလုပ်သူကပြုံးလာလေသည်။
"ကလေးဆိုးတွေ ဒယ်ဒယ့်ကိုစတယ်ပေါ့လေ"
"ခစ်ခစ်"
သူကတဖန်ရေတွေနှင့်ပြန်ပက်တော့ ကလေးငယ်တွေက တခစ်ခစ်ရယ်လျှက်
"ဝမ်ရိပေါ် ကလေးတွေ အအေးပက်မယ်နော် ဟိုသုံးယောက်လည်းမဆော့နဲ့တော့"
အိပ်ခန်းထဲကထွက်ပေါ်လာတဲ့အသံကြောင့် သားအဖတွေအသံတိတ်သွားရသည်။
"ဒယ်ဒယ် ပါးပါး ဆူဆူ"
အငယ်ဆုံးလေးက သူ့ဒယ်ဒီကို ပါးပါးကဆူကြောင်းပြန်တိုင်လေသည်။
"ဟုတ်တယ် ပါးပါးကဆူတယ်နော် မွ လာ ဒယ်ဒီနဲ့ရေချိုးတော့မယ်နော် မဟုတ်ရင် ပါးပါးကတုတ်တုတ်နဲ့လာလိမ့်မယ်"
"ဟုတ်"
ရေကန်ထဲကနေချီထုတ်ပြီး တစ်ယောက်ချင်းစီကိုရေချိုးပေးရသည်။
"ကဲ ဟိုးသားအဖတွေ မပြီးသေးဘူးလား"
"ပါးပါး!!!"
ရှောင်းကျန့် အခန်းထဲမှာ အဝတ်တွေထည့်နေရင်း ပါးပါးဟုခေါ်ကာ ပြေးလာကြသော အမွှာလေးသုံးယောက်
ရေချိုးပြီးခါစ ဘာမှဝတ်မထားဘဲ ဖင်ပြောင်လေးတွေနှင့်ဖြစ်သည်။
YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...