Ugly Boy But Handsome Man

8.8K 747 6
                                    

မနက်စောစောထလာတဲ့ရိပေါ်က ဆေးရုံကနေဂျုတီဆင်းမယ့်ရှောင်းကျန့်ကိုသွားကြိုရအုံးမည်။

မျက်နှာသစ်အဝတ်စားလဲပြီးတော့ ရိပေါ်ဆေးရုံဆီထွက်လာခဲ့လိုက်သည်။
ရှောင်းကျန့် ဒီနေ့လူနာတွေများတာမို့ ခြောက်နာရီဂျူတီက ခုနှစ်နာရီခွဲသည်အထိမထွက်ရသေးပေ။

ရိပေါ်ရှောင်းကျန့်ကိုမြင်နေရတဲ့ ခုံတစ်လုံးမှာဝင်ထိုင်ရင်းစောင့်နေသည်။ ရှောင်းကျန့် ကတော့မမြင်သေးပေ။
ခဏကြာတော့ သူ့ဘေးကိုကလေးမလေးတစ်ယောက်လာထိုင်လေသည်။

ရိပေါ်လက်ကိုသူ့လက်သေးသေးလေးနဲ့လာထိပြီးတော့

"ကိုကိုက ဘာရောဂါဖြစ်နေတာလဲဟင်"

"ဟင် ကိုကိုကလား ဘာဖြစ်လို့လဲ "

"ဆေးရုံကိုလာတာကိုကိုနေမကောင်းဖြစ်နေလို့မဟုတ်ဘူးလား"

"အင်း ကိုကိုက ဟိုးနားက မျက်မှန်နဲ့ဆရာဝန်လေးကိုမမြင်ရင် ရင်ဘက်ကအောင့်အောင့်နေလို့လာကြည့်တာ"

"ဟင် တကယ်လား ဒါဆိုကိုကိုဘယ်လိုလုပ်မလဲဟင်"

"အင်းးးး အဲ့ဆရာဝန်လေးကကုပေးမှပဲပျောက်မှာပေါ့ မီးလေးရဲ့"

"ဒါဆို ဒေါက်တာကိုကို့ကို ကုခိုင်းလိုက်လေ"

"ဒေါက်တာကိုကိုက မအားသေးလို့လေ မီးမီးရဲ့"

"ကိုကိုက တော်တော်လေးအောင့်နေပြီလား ရင်ဘက်က"

"အင်း အောင့်တာပေါ့"

"ဟုတ်ပြီ ဒါဆိုမီးမီးက ဒေါက်တာကိုကို့ကို သွားခေါ်ပေးမယ် ကိုကို ကဒီမှာခဏစောင့်နေနော်"

ပြောပြီးတာနဲ့ကလေးမလေးကလုံးလုံးလုံးလုံးနဲ့ပြေးထွက်သွားတော့သည်။
ရှောင်းကျန့်အလုပ်များနေတုန်း ဂျူတီကုတ်ကိုလာဆွဲတဲ့ ကလေးမလေးကြောင့်လုပ်လက်စကိုရပ်လိုက်တယ်။

"ဘာဖြစ်လို့လဲ မီးမီး ဘယ်နားကနာလို့လဲ"

ဆေးရုံဝတ်စုံနဲ့ကလေးဖြစ်တာကြောင့် ရှောင်းကျန့် ဂရုတစိုက်မေးယူရသည်။

"မီးမီးမဟုတ်ဘူး ဟိုးနားက အသားဖြူဖြူ အရပ်ရှည်ပြီး အရမ်းချောတဲ့ကိုကိုက ဒေါက်တာကိုကို့ကိုမတွေ့ရင် ရင်ဘက်တွေအောင့်လာတယ်တဲ့ အာ့ကို ဒေါက်တာကိုကိုကုပေးမှပျောက်မှာတဲ့ အာ့ကြာင့် မီးကာခေါ်ပေးတာ"

Ugly Boy But Handsome Man (Completed) Donde viven las historias. Descúbrelo ahora